Posh Myanmar Magazine (http://www.posh-myanmar.com/)

Posh Myanmar Magzine သည် သူမတူတဲ့ ပုံရိပ်များနဲ့ မန္တလေးမြို့၏ ပထမဆုံး နိုင်ငံတကာနှင့် ရင်ဘောင်တန်း ဖက်ရှင်မဂ္ဂဇင်းတစ်ခု ဖြစ်ပါသည်။ Posh မဂ္ဂဇင်းသည် တမူထူးခြားပြီး အဆင့်အတန်းပြည့်မှီအောင် ကြိုးစားလေ့လာသင်ယူရင်း စာအုပ်တစ်အုပ်ထက် တစ်အုပ် နိုင်ငံတကာကို ထိုးဖောက်နိုင်တဲ့အထိ တိုးတက်ကောင်းမွန်နေတဲ့ မဂ္ဂဇင်းဖြစ်ပါသည်။ Posh မဂ္ဂဇင်းကို အင်တာနက်ပေါ်တွင်လည်း ဖတ်ရှုလို့ရနိုင်အောင် ကိုယ်ပိုင် website နှင့် Facebook page များလည်း ဖွင့်ထားပေးပါသည်။ Posh မဂ္ဂဇင်းသည် နောက်ဆုံးပေါ် ဖက်ရှင်များ၊ စတိုင်အိုင်ဒီယာများအကြောင်း၊ ဖက်ရှင်လောက မှ သတင်းများအကြောင်း အဓိကထားဖော်ပြပေးပါသည်။ မြန်မာနိုင်ငံရှိ ဖက်ရှင်ပညာရှင်များနှင့် ဖက်ရှင်လိုက်စားသူများအတွက် ဖက်ရှင်လမ်းညွှန်တစ်ခုအဖြစ် Posh မဂ္ဂဇင်းကို လူသိများကြပါသည်။ မြန်မာနိုင်ငံ ဖက်ရှင်ရေစီးကြောင်းတိုးတက်ဖို့အတွက်လည်း Giordano နှင့်ပူးပေါင်းကာ I love Myanmar ခေါင်းစဉ်ဖြင့်လည်း အစီအစဉ်လေးတွေ ကျင်းပလျက်ရှိပါသည်။ မြန်မာနိုင်ငံ ရိုးရာဖက်ရှင်များကိုလည်း ဆန်းသစ်ဖော်ပြထားပါသည်။ ဒါ့အပြင် ပီးမက် ယိုးဒယား သရဲကား (Pee Mak) ထဲမှ နာမည်ကြီးမင်းသား မာရီယို မိုရာလို နာမည်ကြီး အနုပညာရှင်များနှင့်လည်း ပူးပေါင်းပြီး မဂ္ဂဇင်းတွင် မြန်မာဖက်ရှင်ဖြင့် ဖော်ပြပေးသည့်အပြင် မာရီယို မိုရာ၏ နောက်ဆုံးထွက်သည့် ဇာတ်ကား The Rising Sun အကြောင်းနှင့်ပတ်သက်ပြီးလည်း အင်တာဗျူးများ ထည့်သွင်းပေးထားပါသည်။ ဒါကြောင့် နောက်ဆုံးပေါ်ဖက်ရှင်များကို လေ့လာလိုက်စားသော သူများအတွက် မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ ဖက်ရှင်ယဉ်ကျေးမှုများကို ဆန်းသစ်ဖော်ပြသော Posh မဂ္ဂဇင်းကို အွန်လိုင်းမှာရော စာအုပ်အနေနဲ့ရော ဖတ်ရှုနိုင်ပါပြီ။

Link: http://www.posh-myanmar.com/

Posh Myanmar Magazine

Posh Myanmar Magazine is one of the pioneering Myanmar Fashion Magazine which can keep abreast with the world. Starting as an amateur, Posh Myanmar Magazine developed itself with each and every magazine it came up with and now, it has managed to penetrate both local and global market with its international standard Myanamr Fashion Magazine. Posh Myanmar Magazine is also available as a webpage and facebook page, making it easier for readers to get access via internet. Posh Myanmar Magazine mainly focuses on latest trending fashion ideas and styles. Posh Myanmar Magazine is widely known as a guideline for those who pursue fashion and are enthusiastic about it. To promote fashion trend in Myanmar, Posh Magazine also organize programs like “I love Myanmar” collaborating with the famous brand Giordano. What’s more, Posh Myanmar Magazine has promoted Myanmar Fashion by collaborating with the actors like Morayo Moralo from the world famous horror movie Pee Mak. Posh Myanmar Magazine manages to present fashion in a wonderful way that no other magazines in Myanmar can come up with till date.

Link: http://www.posh-myanmar.com/