ကိုယ့်ကိုယ်ကို တိုးတက်အောင် ကြိုးစားနေသူတွေရဲ့ အကျင့်လက္ခဏာ ၈ ခု

blank

ကိုယ့်ကိုယ်ကို တိုးတက်အောင် ကြိုးစားနေသူတွေက….

၁။ နံနက်ခင်းမှာကတည်းက လုပ်စရာကိစ္စတွေကို အစီအစဉ်ချထားတယ်။

၂။ တာဝန်မယူနိုင်တဲ့ကိစ္စတွေကို ဘာမှရှင်းမပြဘဲ no လို့ ပြတ်ပြတ်သားသားပြောတယ်။

၃။ ခွန်အားကို ချွေတာတယ်။

၎။ အလုပ်တစ်ခုအပေါ် ဝေဖန်သုံးသပ်နေတာထက် အားလုံးစုစုစည်းစည်းလုပ်ဆောင်ကြဖို့ အောက်လက်ငယ်သားတွေကို အားပေးတယ်။

၅။ မျှော်လင့်ချက်မပါဘဲ ကူညီတယ်။

၆။ ဖန်တီးနိုင်စွမ်းရှိတယ်။

၇။ ခံယူချက်အတိုင်း လုပ်ဆောင်တယ်။

၈။ ကြိုးစားတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လူအများစုဟာ ဒေါသတွေအပေါ်မှာပဲ ခွန်အားတွေကို ဖြုန်းပစ်ကြပါတယ်။ ဒေါသတွေပြည့်နေတဲ့လူတွေဟာ သူတို့ကိုယ်သူတို့ သစ္စာဖောက်ဖို့ မခဲယဉ်းပါဘူး။ ဒါကြောင့် သူတို့တွေဟာ ယှဉ်ပြိုင်မှုတွေအောက်မှာပဲ ရှင်သန်ကြရင်း အခြားသူတွေအပေါ် ဝေဖန်ကြတယ်၊ ပြစ်တင်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုမရှိသူတွေ ရန်လိုတတ်ကြတာဟာ ကြောက်ရွံ့မှုကြောင့် ဖြစ်ပါတယ်။ မွေးကတည်းက ရန်လိုမှုတွေ ပါလာတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မပြင်ဘူးဆိုရင် ကောင်းတာတွေ ဖြစ်လာမှာမဟုတ်ပါဘူး။

ကိုယ့်ဘဝကို တိုးတက်အောင် ကြိုးစားနေသူတွေကတော့ တာဝန်ယူတတ်အောင် သူတို့ကိုယ်သူတို့ လေ့ကျင့်ယူကြပါတယ်။ လောကကြီးရဲ့ မတူညီမှုတွေကိုလည်း လက်ခံနိုင်အောင် ကြိုးစားကြပါတယ်။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေး လုပ်ပေးပါဦးနော်။