အဖျားမြန်မြန်ပျောက်အောင် ဘယ်လိုနေသင့်လဲ။

blank

စာချစ်သူတို့ရေ….။

ဖျားနာနေတဲ့အခါမှာ မြင်မြင်သမျှစိတ်ပျက်စရာကောင်းပြီး အလုပ်ပျက်အကိုင်ပျက် လူမှုရေးကိစ္စတွေမှာ ပျက်ကွက်တတ်ပါတယ်။ ဖျားနေတဲ့အချိန်မှာ နေပုံထိုင်ပုံတွေမှန်ကန်တယ်ဆိုရင်တော့ အဖျားမရှည်ဘဲ မြန်မြန်သက်သာပျောက်ကင်းနိုင်ပါတယ်။ ဒါ့ကြောင့် အဖျားမြန်မြန်ပျောက်အောင် နေထိုင်သင့်တဲ့ နည်းလမ်းလေးတွေကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ အလုပ်တွေကို မေ့ထားပြီး ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ပြည့်ပြည့်ဝဝ အနားပေးပါ။

၂။ ခန္ဓာကိုယ်အပူငြိမ်းစေဖို့နဲ့ သကြားဓာတ်ကို ဖြည့်တင်းပေးဖို့ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေ သောက်ပါ။

၃။ အစာချေလမ်းကြောင်းကို ဝန်မပိစေတဲ့ အစာချေရလွယ်လွယ်စေတဲ့ အစာတွေ စားပါ။

၎။ ခန္ဓာကိုယ်ကို နွေးထွေးစေပြီး သက်လုံကောင်းစေတဲ့ စွပ်ပြုတ်ရည်တွေ သောက်ပါ။

၅။ ရေခပ်နွေးနွေးမှာ ဆားခါးထည့်ပြီး ရေချိုးပါ။

၆။ သက်သာချောင်ချိပြီး သန့်ရှင်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။

၇။ ထိရောက်မှုရှိပြီး ယုံကြည်စိတ်ချရတဲ့ အဖျားပျောက်ဆေးတွေကို သောက်ပါ။

စာချစ်သူတို့အတွက် ကျန်းမာရေးဗဟုသုတစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Decolgen (အအေးမိဝေဒနာအကြွင်းမဲ့ပျောက်ဆေး)  တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။