သင့်ချစ်သူကြောင့် သင့်မှာ စိတ်ဓာတ်ကျစရာတွေခံစားနေရပြီလား

blank

စိတ်ကျရောဂါဆိုတာ လျှော့တွက်သင့်တဲ့အရာမဟုတ်ပါဘူး။ တစ်ခါတလေမှာ လဲကျပေမဲ့ ပြန်ထူပေးမယ့်သူကို ကံကောင်းစွာနဲ့ပဲတွေ့တတ်ပါတယ်။ သူတို့ရဲ့ အားပေးမှုကြောင့်ပဲ အကောင်းဆုံး ပြန်လည်ကြိုးစားပြီး အောင်မြင်ရတတ်ပါတယ်။

ဒါပေမဲ့ တစ်ခါတလေမှာတော့ ကိုယ်အချစ်ရဆုံး၊ ကိုယ်အယုံကြည်ဆုံး၊ ကိုယ်နဲ့အရင်းနှီးဆုံးချစ်သူကြောင့် စိတ်ဓာတ်ကျရတာတွေလည်း ရှိပါတယ်။  အောက်မှာဖော်ပြထားတာတွေကတော့ သင့်ချစ်သူကြောင့် သင်စိတ်ဓာတ်ကျနေပြီဆိုတာကို သတိပေးနေတဲ့ အခြေအနေ (၅) ရပ်ဖြစ်ပါတယ်။

၁။  အရင်တုန်းကလောက် ချစ်သူနဲ့ ပွင့်ပွင့်လင်းလင်းမရှိတော့ဘူးဆိုရင်

ပွင့်ပွင့်လင်းလင်းမရှိဘူးဆိုတာထက် ရင်းနှီးမှုတွေ သိပ်မရှိတော့တာမျိုးပေါ့။ တစ်ခုခုအရေးကြီးတာ ပြောမယ်ဆိုရင် စကားများပြီး ရန်ဖြစ်ရမှာစိုးလို့ ကြက်ဥခွံတွေပေါ် လမ်းလျှောက်ရသလို သတိထား ဆင်ခြင်နေရတယ်။ ဒါဆိုရင် သင်ဟာ အချစ်ကြောင့် စိတ်ကျရောဂါစတင်ခံစားနေရပါပြီ။

၂။ ချစ်သူက သင့်ကို အမြဲနှိမ်ပြောပြီးအထင်သေးတယ်ဆိုရင်

ရှင်းရှင်းလေးပါနော်။ ဒီလို အထင်သေးပြီး နှိမ်ပြောတယ်ဆိုကတည်းက မဖြစ်သင့်တာကြီး မဟုတ်လား။

၃။ သင့်ချစ်သူက သင့်ကို အမြဲလိုလိုပြဿနာရှာပြီး အပြစ်ပုံချတတ်တယ်ဆိုရင်

ဘာလို့ ဒီလိုအခြေအနေဖြစ်တာလဲသိလား။ သင့်ချစ်သူက သင်တို့အချစ်ရေးကြီးတစ်ခုလုံးကို သင့်ပုခုံးပေါ်လွှဲချဖို့ ဒီလို ဆိုးဆိုးဝါးဝါးလုပ်ရပ်တွေကို လုပ်တာပါ။

၎။ သင့်ရဲ့အရာရာကို ချစ်သူအပေါ် မှီခိုနေရတယ်ဆိုရင်

အားကိုးရတာနဲ့ မှီခိုနေရတာ မတူဘူးနော်။ သင့်ရဲ့ ကိုယ်ပိုင်ရပ်တည်မှုတွေ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ၊ အစွမ်းအစတွေကို နှိမ်ချိုးထားပြီး မှီခိုနေရပြီဆိုရင် တစ်ချိန်ချိန်မှာ သင်နာကျင်ခံစားရလိမ့်မယ်။

၅။ အချစ်က အပြစ်တစ်ခုလို နာကျင်ကြောက်ရွံ့စရာတွေရှိနေပြီဆိုရင်

နောက်ဆုံး ကြည်နူးခဲ့ရတဲ့ ရင်ခုန်စရာအချိန်လေးတွေကိုတောင် မေ့နေပြီလား။ စိတ်ညစ်စရာတွေပဲ တွေးမိနေပြီလား။ ဒါဆိုရင်တော့ အနာဂတ်အတွက် စဉ်းစားရတော့မှာပေါ့။

သင်ဟာ ဘယ်သူပဲဖြစ်နေပါစေ၊ သင့်မှာ ဘယ်လိုအတိတ်ဆိုးတွေပဲ ရှိနေပါစေ၊ သင်ဟာ သင့်ကို အချစ်စစ်အချစ်မှန်နဲ့ ချစ်တဲ့သူ၊ ပျော်ရွှင်မှုတွေ ပေးမယ့်သူနဲ့ ထိုက်တန်ပါတယ်။

ဘဝဆိုတာ တိုတိုလေးပါ၊ အချစ်ကြောင့် စိတ်ညစ်နေဖို့ အချိန်မရှိပါဘူး။

ဒီစာစောင်လေးကို SHARE ပြီး အချင်းချင်း သတိပေးလိုက်ကြရအောင်လား။