ကိုယ့်ကိုကို ချစ်ရဲ့လား။

blank

ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင်…

အဆက်အသွယ်ဖြတ်ပြီး ရှောင်ဖယ်နေတတ်တဲ့သူကို လမ်းခွဲပစ်ဖို့ သင်ယူပါ။

ကိုယ့်ကို တန်ဖိုးမထား မထီမဲ့မြင်ပြုတဲ့သူကို ကျောခိုင်းပစ်ဖို့ သင်ယူပါ။

ကိုယ့်ကိုနှိမ့်ချဆက်ဆံခံရတဲ့အခါ ရှိရင်းစွဲတန်ဖိုးထက် မြင့်မားအောင်ကြိုးစားဖို့ သင်ယူပါ။

ကိုယ့်ရဲ့ အသည်းကို ရက်ရက်စက်စက်အခွဲခံရတဲ့အခါ ပြန်လည်တည်ဆောက်နိုင်အောင် လေ့ကျင့်သင်ယူပါ။

ကိုယ်မှန်ရက်နဲ့ ကိုယ့်ကိုမကောင်းပြော ဝေဖန်သူတွေနဲ့ ကြုံတွေ့ရတဲ့အခါ လျှောက်လက်စလမ်းကို ရဲရဲဝံ့ဝံ့ဆက်လျှောက်ရဲဖို့ သင်ယူပါ။

ကိုယ့်ရဲ့ အချိန်နဲ့ စွမ်းအင်တွေကို မနာလိုဝန်တိုမှုတွေတုံ့ပြန်ရင်း မကုန်ဆုံးစေဖို့ သင်ယူပါ။

ကိုယ့်ကိုရှောင်ဖယ်သူတွေနဲ့ ဝေးလာရင် ကိုယ့်ကိုစောင့်မျှော်နေသူတွေနဲ့ ဆုံမယ်။

ကိုယ့်ကို တန်ဖိုးမထားတဲ့သူတွေနဲ့ လွဲလာရင်ကိုယ့်ကို မြတ်နိုးတဲ့သူနဲ့ ဆုံမယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နိမ့်ချဆက်ဆံမှုတွေကို ကျော်လွှားလာနိုင်တဲ့အခါ မြင့်မားအောင်မြင်ဖို့ လမ်းစကို ရှာတွေ့လာမယ်။

အသည်းခွဲခြင်းကို လွန်မြောက်ရင်ဆိုင်လာနိုင်တဲ့အခါ သံမဏိအသည်းပိုင်ရှင်တွေဖြစ်လာမယ်။

မကောင်းပြောဝေဖန်မှုတွေကို လျစ်လျူရှုတတ်လာတဲ့အခါ ဘဝလျှောက်လမ်းတွေက ပိုပြီး ပီပြင်လာမယ်။

ကိုယ့်ကိုယ်ကိုချစ်တယ်ဆိုရင် ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ဘယ်တော့ဘယ်တော့မှ ဈေးမလျှော့လိုက်ပါနဲ့။