“ချစ်ရသူက ကိုယ့်ကို မချစ်တော့ကြောင်း ‌ပြောလာတဲ့အခါ ဘာကြောင့် အရမ်းနာကျင်ရတာလဲ။”

ကိုယ်ချစ်ရတဲ့သူက ကိုယ်မျှော်လင့်မထားတဲ့တစ်ချိန်ချိန်မှာ “ငါနင့်ကို မချစ်တော့ဘူး။ ငါတို့ လမ်းခွဲကြရအောင်” လို့ ပြောလာခဲ့ရင် သင်ဘယ်လိုခံစားရမလဲ။  သင့်အနေနဲ့ ငိုကြွေးမိရင်လည်း ငိုကြွေးနိုင်သလို အရုပ်ကြိုးပြတ်ပုံလဲပြီး ဝမ်းနည်းပူဆွေးရင်လည်း ပူဆွေးမိနေနိုင်ပါတယ်။

တစ်ခါတလေကျရင် ကျွန်မတို့အနေနဲ့ လူတစ်ယောက်ကို ချစ်တယ်ဆိုတာထက် ကိုယ်တစ်ယောက်တည်း အထီးကျန်ခဲ့မှာကို အရမ်းကြောက်နေတာလည်း ဖြစ်နိုင်တယ်။ “ဒီလူက ကိုယ့်ကိုမချစ်တော့ဘူး”ဆိုတဲ့ ခံစားချက်ထက် “ငါက ပစ်သွားခံရလောက်အောင် ဘာနည်းချက်ရှိလို့လဲ” ဆိုတဲ့ အတွေးတွေက ပိုပြီး ခြောက်လှန့်နိုင်ပါတယ်။ အဲ့ဒီအခါမှာ ဒီ Relationship ကြီးကို ပြန်ဆက်ဖို့ တစ်ဖက်သတ် အပြင်းအထန် ကြိုးစားနေမိတတ်တယ်။

Relationship တစ်ခု ပြတ်သွားတဲ့အခါမှာ…

ကိုယ့်အနေနဲ့ ဒီလူကို လက်မလွတ်နိုင်တာက အထီးကျန်မှာကြောက်လို့လား။

ကိုယ့်ကိုမချစ်တော့တဲ့လူတစ်ယောက်နဲ့ရှိနေရင် ကိုယ်ပျော်နေဦးမှာလား ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

လူတစ်ယောက်က ကိုယ့်ကိုမချစ်တော့ဘူးဆိုတာ ကိုယ့်ရဲ့အပြစ် မဟုတ်ပါဘူး။ ကိုယ့်အပေါ်မှာ သူ့အချစ်စိတ်ကုန်ခမ်းသွားတာနဲ့ တခြားအကြောင်းတရားတွေအားလုံးကို ကိုယ်ထိန်းချုပ်လို့ မရနိုင်တာမို့ အရာရာကို ကိုယ့်အပြစ်လို့ ယူဆမနေပါနဲ့။

ကိုယ့်စိတ်ကို ဘယ်လိုကုစားပြီး အကောင်းဆုံးရှေ့ဆက်မလဲ။ မချစ်တဲ့သူနဲ့ လမ်းခွဲလိုက်ရတာဟာ ရှေ့လျှောက်ကြရင် ကိုယ့်ကိုပိုချစ်ပြီး တန်ဖိုးထားတဲ့သူ၊ ကိုယ့်ကို အဆုံးရှုံးမခံမယ့်သူနဲ့ တွေ့ဖို့အတွက် အခွင့်အရေးတွေ ပိုများလာတာပါ ဆိုတဲ့ အပြုသဘောနဲ့ ရှေ့ဆက်တတ်ဖို့က အရေးကြီးပါတယ်။

ဘဝက တိုတိုလေးဆိုပေမဲ့ ရှေ့ဆက်ရမယ့်အချိန်တွေ ရှိသေးတာမို့ Relationship တစ်ခု ပြီးပြတ်သွားတိုင်း  ငိုယိုပြီး အချိန်ကုန်နေတာမျိုး မဖြစ်စေချင်ပါဘူး။ ငိုစရာရှိတာငိုပြီး မျက်ရည်သုတ်ပါ။ ဒါပေမဲ့ ဝမ်းနည်းပူဆွေးတဲ့အတွေးတွေ မတွေးဘဲ  ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် ရှေ့ဆက်ဖို့ တွေးပါ။ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်တဲ့လူတစ်ယောက်ဖြစ်အောင် နေထိုင်ဖို့ ကိုယ့်ကို ချစ်တဲ့လူတွေနဲ့ ဆက်ခရီးဆက်ပါလို့ ဒီစာလေးထဲကနေအားပေးပါရစေနော်။