စိတ်ကောကိုယ်ပါမကျန်းမာမှုတွေကို သဘာဝတရားနဲ့ကုစားကြရအောင်။

blank

ဒီနေ့ကမ္ဘာ့လူဦးရေတစ်ဝက်ကျော်ဟာ မြို့ပြတွေမှာ နေထိုင်ကြပါတယ်။ ဒါဟာ နောက်ဆက်တွဲအနေနဲ့ ကြီးမားတဲ့ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်လာစေတဲ့အကြောင်းရင်းပါ။ အထူးသဖြင့် မြို့ပြလူနေမှုစနစ်က ပေးတဲ့ စိတ်ဖိစီးမှုတွေဟာ စိုးရိမ်ပူပန်မှုနဲ့စိတ်ကျရောဂါတွေကိုပါ ခံစားလာရစေပါတယ်။

သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ရေကန်၊ မြစ်၊ ပင်လယ်သမုဒ္ဒရာနဲ့ တခြားသောရေနဲ့ဆိုင်ရာနေရာတွေနဲ့ နီးနီးနားနားမှာ အချိန်ဖြုန်းကြသူတွေဟာ စိတ်ကော ကိုယ်ပါကျန်းမာမှုကို ပိုရရှိကြပါတယ်။
သဘာဝရှုခင်းတွေကြား မိနစ် ၉ဝ လမ်းလျှောက်သွားခြင်းက ဦးနှောက်ဧရိယာထဲက စိတ်ပိုင်းဆိုင်ရာမကျန်းမာခြင်းနဲ့ဆက်စပ်နေတဲ့ လှုပ်ရှားမှု တွေကို လျော့ကျသွားစေတယ်လို့ ရှာဖွေတွေ့ရှိထားကြပါတယ်။ ဆေးရုံတက်နေရတဲ့လူနာတွေတောင်မှ သဘာဝတရားရဲ့ ရှုခင်းလေးတွေကို ခံစားခွင့်ပေးလိုက်တဲ့အခါ မြန်မြန်ပြန်ကျန်းမာလာကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဂျပန် သိပ္ပံပညာရှင်တွေရဲ့လေ့လာ တွေ့ရှိမှုအရ သစ်ပင်တွေမှာ
– လူတွေရဲ့စိတ်ခံစားမှုနဲ့ ကိုယ်ခံအားစနစ်တွေကို တိုးတက်ကောင်းမွန်စေတဲ့ phytoncide ကို တိုးမြှင့်ပေးနိုင်တယ်။
– စိတ်ဖိစီးမှု ဟော်မုန်းဖြစ်တဲ့ ကော်တီစောလ် (cortisol) ပမာဏကို လျှော့ချပေးနိုင်ပါတယ်။
– နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပြီး သွေးတိုးလည်း ကျစေပါတယ်။

စာချစ်သူတို့ရေ… တကယ်တော့ သဘာဝတရားဆိုတာ လူတိုင်းနဲ့လက်တစ်ကမ်းမှာ ရှိနေတဲ့ အရာ တွေဖြစ်တာကြောင့် ရယူခံစားတတ်ဖို့ပဲ လိုပါတယ်။ လူတွေရဲ့ စိတ်နှလုံးသားကိုကျန်းမာစေပြီး ခန္ဓာကိုယ်ကို လည်း အားအင်ထပ်ဖြည့်ပေးတဲ့အတွက် မိမိတို့ရဲ့စိတ်ကောကိုယ်ပါကျန်းမာရေးကို အလေးထားရင် သဘာဝ တရားနဲ့အချိန်ဖြုန်းဖို့ မမေ့သင့်ပါဘူးနော်။

စာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် တခြားသူတွေအတွက်လည်း SHARE လိုက်ပါဦးနော်။