အချိန်တွေကတော့ အမြဲတမ်းရွေ့လျားနေတာပါပဲ။
ဘာမှမလုပ်ဘဲနေရင် ဘာမှမဖြစ်ဘဲ ကုန်ဆုံးသွားမှာဖြစ်သလို တစ်ခုခုလုပ်ရင်လည်း တစ်ခုခုတော့ သေချာပေါက် ဖြစ်လာမှာပါ။
မကြာခင်နှစ်ကုန်တော့မှာဆိုတော့ ရည်မှန်းချက်အသစ်တွေကို ပြန်စတင်လို့ရပါပြီ။ တစ်နှစ်လုံး အလုပ်တွေ အများကြီးကို အချိန်နည်းနည်းစီပေးရင်း လုပ်သွားတာထက် သင့်စိတ်ဆန္ဒအပြင်းပြဆုံးအလုပ်တစ်ခုကို အပြည့် အဝအချိန်ပေးပြီး အာရုံစိုက်လုပ်ကိုင်သွားတာက ပိုထိရောက်ပါတယ်။ အဲ့ဒီအတွက် ၆ လအချိန်ယူကြည့်ပါ။
– ဝိတ်လျော့မလား။
– ပိုက်ဆံစုမလား။
– Diet လုပ်မလား။
– အရည်အချင်းအသစ်တစ်ခုခုဖြည့်တင်းမလား။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။
ဒီနေ့ကနေစပြီး စဉ်ဆက်မပြတ်ပုံမှန်အားထုတ်သွားကြည့်ပါ။ ၆ လကြာတဲ့အခါ ရလဒ်ကို ကြည့်ပါ။ အ ပင်စိုက်သလိုပါပဲ။ အခုစိုက်အခုမရပေမယ့် ပုံမှန်ရေလောင်းပေါင်းသင်သွားတဲ့အခါ အသီးအပွင့်တွေ ရလာမှာပါ။ ၆ လကြာကြိုးစားခဲ့ခြင်းရဲ့ရလဒ်အနေနဲ့ သင်လိုချင်တဲ့ပန်းတိုင်ကို ရောက်ရှိသွားမှာပါ။
သင်ကော လာမယ့်နှစ်မှာ ၆ လတာကြိုးစားသွားဖို့ ပန်းတိုင်လေးတစ်ခုရွေးချယ်ပြီးသွားပြီလား။
