တစ်ယောက်ယောက်သဘောကျဖို့အတွက်နဲ့ မင်းမပျော်ရွှင်တဲ့အရာကို မလုပ်ပါနဲ့။

blank

ကိုယ်တကယ်စိတ်အားထက်သန်ရာကို ပြုလုပ်ဖို့ဆိုတာ လူတိုင်းဘဝအတွက် အရေးကြီးဆုံးပါ။ အဲ့ဒီ အရာကို ကောင်းကောင်းလုပ်နိုင်ပြီဆိုတဲ့အခါ ကျန်တဲ့အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေးတွေကလည်း အလို လိုကောင်းမွန်လာတာပါပဲ။ ပြီးတော့ တစ်ယောက်ယောက်သဘောကျဖို့အတွက်နဲ့ မင်းမလုပ်ချင်တဲ့အရာကို လုပ်မယ်ဆိုရင် အဲ့ဒါ က ရေရှည်မှာ မင်းအတွက်လည်း အဆင်မပြေဘူး။ မင်းရဲ့သက်ဆိုင်သူအတွက်လည်း အဆင်ပြေမှာ မဟုတ်ပါ ဘူး။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ဟာ ဘဝမှာ မပျော်ရွှင်ဘဲနဲ့ တခြားအရာတွေမှာလည်း ပျော်ရွှင်မှာ မဟုတ်လို့ပါ။ ရေရှည်မှာဟန်မဆောင်နိုင်တော့တဲ့အခါ နှစ်ဦးနှစ်ဖက်အဆင်မပြေနိုင်တော့ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

‌နောက်တစ်ခုက မင်းနဲ့တွေ့ဆုံမယ့်သူဆိုတာလည်း မင်းနဲ့တွေ့ဆုံခွင့်ရဖို့ ကြိုးစားအားထုတ်မယ့်အပိုင်း တွေရှိမှာပါ။ မင်းဘက်က အစစ်အမှန်ဖော်ပြခြင်းအားဖြင့် ရေရှည်မှာ မင်းနဲ့သူ့ပေါင်းသင်းဆက်ဆံရေး တိုးတက် အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ သူ့ဘက်က စဉ်းစားနိုင်လိမ့်မယ်။ မင်းအနေနဲ့ မင်းတကယ်ချစ်တဲ့သူကို အဲ့ဒီ အခွင့်အရေးမျိုးပေးသင့်ပါတယ်။
လူတစ်ယောက်ရဲ့အကောင်းဆုံးအရည်အသွေးတွေဆိုတာ သူအပျော်ရွှင်ဆုံးနေရာမှာသာ ပေါ်လွင်နိုင် တဲ့အတွက် မင်းပျော်တဲ့အရာကိုလုပ်ဆောင်ဖို့သာ ကြိုးစားပါ။ အကောင်းဆုံးအရည်အသွေးရှိနေတဲ့မင်းဆီကို ရောက်အောင်လာဖို့ကိုတော့ မင်းကိုတကယ်ချစ်တဲ့သူတွေက အားထုတ်ပါလိမ့်မယ်။ အဲ့ဒီအခါ မင်းမျှော်မှန်းဖူး တာထက်တောင် ပိုကောင်းတဲ့ အချစ်မျိုးတွေအထိ မင်းဘဝထဲဝင်ရောက်လာပါလိမ့်မယ်။

မင်းကော မင်းပျော်ရွှင်တဲ့အရာတွေနဲ့ ဘဝကို ဖြတ်သန်းနေပြီလား။