ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တတ်တဲ့အကျင့်ကို မစွန့်လွှတ်နိုင်ရင် ပျော်ရွှင်မှုကိုလည်း မရရှိနိုင်ပါဘူး။

blank

လူအများစုရဲ့သဘောသဘာဝက ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တတ်ကြပါတယ်။

တစ်ခုခုဆိုရင် “ ငါ အသုံးမကျလို့။ ငါမှားသွားတာပါ။ သူများတွေလို ငါမလုပ်နိုင်ဘူး” ဆိုတဲ့စိတ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်ရှိတယ်ထင်တတ်ကြတယ်။ သူများကိုခွင့်လွှတ်ရတာကပဲ ခက်တာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်ဖို့ ကြိုးစားရတာကလည်း ခက်ပါတယ်။ အတိတ်ကို တမြေ့မြေ့ပြန်တွေးတာ၊ နာကျင် နေတာတွေဟာ ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်ဖို့ မကြိုးစားကြလို့ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အပြစ်တင်ခံရတဲ့စိတ်ဟာ ဘဝမှာ ဘယ်တော့မှ ရှေ့မဆက်နိုင်စေတော့ပါဘူး။ ပိုကောင်းတဲ့အရာတွေ လုပ်နိုင်မယ့် ခွန်အားသတ္တိတွေကိုပါ ယုတ်လျော့စေပါတယ်။ လူဆိုတာ စိတ်ကအဓိကပါ။ စိတ်က နောက်ကို ရောက်နေရင် လူကလည်း ဘယ်တော့မှ ရှေ့ကို ရောက်တော့မှာမဟုတ်ပါဘူး။ လောကကြီးမှာ အမှားနဲ့ကင်းတဲ့ သူမရှိသလို ပြီးပြည့်စုံတဲ့သူလည်း မရှိပါဘူး။ ကိစ္စတစ်ခုခုမှာ ကိုယ်ကတကယ်မှားခဲ့တယ်ဆိုရင် အဲ့ဒီအမှားဟာ မတော်တဆပြုမိတဲ့အမှားဖြစ်ရိုးမှန်ရင် ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်ဖို့ကြိုးစားသင့်ပါတယ်။ ပြဿနာတစ်ခုခုဖြစ်တဲ့ အခါ ကိုယ့်ကိုယ်ကိုယ်ပြစ်တင်မစောဘဲ အခြေအနေကို သူ့ဘက်ကိုယ့်ဘက်မျှမျှတတသုံးသပ်ကြည့်ပါ။ ပြဿ နာဆိုတာ ကိုယ့်ဘက်ကအမှားကြောင့်ပဲ အမြဲမဖြစ်နိုင်ပါဘူး။
ဘာဖြစ်ဖြစ် ကိုယ့်ကြောင့်ချည်းပဲထင်နေရင်တော့ ဘဝမှာလည်း ဘယ်တော့မှ ပျော်ရွှင်ရတော့မှာ မ ဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်လွယ်လွယ်အပြစ်တင်တတ်တဲ့အကျင့်ရှိရင် စွန့်လွှတ်သင့်ပါတယ်။

သင်ကော… သင့်ကိုယ်သင်လွယ်လွယ်အပြစ်တင်တတ်သူလား။