ဒေါသတွေနဲ့တုံ့ပြန်မိတော့မယ့်အခါတိုင်းဖတ်ဖို့

blank

ဒေါသတကြီးနဲ့အော်ပစ်တော့မယ်။ ဆူညံပေါက်ကွဲပစ်တော့မယ်။ ရန်မူမှုတော့မယ်ဆိုရင်…။

ပျက်စီးသွားမယ့် ဆက်ဆံရေးတွေကို လက်ခံနိုင်မလား။

ပြတ်တောက်သွားမယ့် ကြိုးတွေကို ခံနိုင်ရည်ရှိမလား။

ဖြစ်လာမယ့်ရလဒ်တွေကို ရယူနိုင်မလား ဆိုတာကို ကိုယ့်ကိုယ်ကိုယ်အရင်ဆုံးမေးကြည့်ပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဒေါသရဲ့ နောက်ဆက်တွဲအကျိုးရလဒ်တွေဟာ ဘယ်တော့မှ မလှပနိုင်ဘူးဆိုတာကိုလည်း မှတ်ထားပါနော်။

ဒေါသထွက်လာတဲ့အခါ အသက်ဝဝရှူပါ။ ချက်ချင်းတုံ့ပြန်တာမျိုးကိုရှောင်ပါ။

ဒေါသဆိုတာ အခြားလူကို ပြာကျသွားစေချင်ပေမယ့် ကိုယ်အရင်ဆုံး တောက်လောင်နေတဲ့ မီးတစ်မျိုးဆိုတာကို မမေ့ပါနဲ့နော်။

သင်ကော ဒေါသထွက်ရင် ဘာလုပ်လဲ။