သစ္စာမရှိတဲ့သူကို ဘယ်လိုဆုံးဖြတ်ရမလဲ။

blank

ကျွန်မတို့က ငယ်ရည်းစားတွေပါ။ အထက်တန်းကျောင်းကတည်းက ကြိုက်ခဲ့ကြတာ။ ကျောင်းပြီးတော့ နှစ်ယောက်လုံးအလုပ်ရတယ်။ ဝင်ငွေချင်းလည်း မတိမ်းမယိမ်းပါပဲ။ ယူဖို့ရည်ရွယ်ထားတော့ ပိုက်ဆံတွေလည်း အတူတူစုကြပါတယ်။ အခုဘဏ်ထဲမှာ သိန်း ၂ဝ လောက်ရှိပါတယ်။ ယူပြီးရင် သုံးဖို့ အိမ်ထောင်မှုပစ္စည်းလေး တွေလည်း နှစ်ယောက်ငွေနဲ့ဝယ်စုထားတာရှိတယ်။ နောက်တော့ သူ့အလုပ်က သူ့ကို သင်တန်းတစ်ခု သွား တက်ခိုင်းတယ်။ ၃ လသင်တန်းပါ။ ပြန်လာတော့ ကျွန်မတို့လက်ထပ်ဖို့အတွက် ပြင်ဆင်ကြပါတယ်။ အဲ့ဒီအ ချိန်မှာ ကောင်မလေးတစ်ယောက်လိုက်လာပါတယ်။ ၃ လအတွင်း သူဟိုမှာထားခဲ့တဲ့ ရည်းစားပါတဲ့။ ကောင်မ လေးနဲ့လွန်ကျူးထားပြီးပြီမို့ တာဝန်ယူခိုင်းဖို့ လိုက်လာတာပါ။ သူနဲ့အတူနေတဲ့ သက်သေအထောက်အထား တွေလည်းပြပါတယ်။ သူကလည်း လုံးဝမယူနိုင်ဘူး၊ တိုင်ချင်ရာတိုင်လို့ ခါးခါးသီးသီးငြင်းပါတယ်။ ကောင်မ လေးက အတင်းကပ်လို့ သူအားနာလို့ လိုက်လျောတာတွေကော ပြောပါတယ်။ ကောင်မလေးကလည်း သူ့မှာ ကျွန်မရှိနေမှန်း သူလုံးဝမပြောခဲ့ဘူးလို့ ပြောပါတယ်။ အခု ကျွန်မတို့ချင်းပြဿနာတက်ပြီး ကျွန်မသူ့ကို အတွေ့ မခံဘဲ နေနေတာ တစ်လရှိပါပြီ။ ဟိုကောင်မလေးနဲ့လည်း ဘယ်လိုညှိလိုက်ကြတာလဲမသိပါဘူး။ သူ့မြို့သူပြန် သွားပြီလို့ ပြောပါတယ်။ သူက ကျွန်မကို တောင်းပန်နေတယ်။ မင်္ဂလာဆောင်ဖို့ကိစ္စကလည်း စီစဉ်နေတာ ပြီး သလောက်ရှိပြီဆိုတော့ ပြန်ဖျက်ရင် အားလုံးရိပ်မိကုန်ကြတော့မှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ကျွန်မကတော့ သူ့ကို လုံးဝမယူချင်တော့ပါဘူး။ သူက နောက်တစ်ခါမဖြစ်စေရဘူးလို့ ကတိပေးနေ တယ်။ ကျွန်မသူ့ကို ယူယူမယူယူ ဟိုကောင်မလေးကိုတော့ သူလုံးဝမယူနိုင်ဘူးလို့ ပြောနေတယ်။ ကျွန်မဘာ ဆက်လုပ်ရမလဲ။ နာမည်ပျက်ခံပြီးတော့ပဲ မင်္ဂလာပွဲကို ဖျက်ပစ်လိုက်ရတော့မလား။ စိတ်ဆင်းရဲလွန်းလို့ ရင်ဖွင့်တာပါ ဂန္ထဝင်ရေ။ အကြံဉာဏ်လေးတွေရှိရင်လည်း ပေးပါဦးနော်။
စာချစ်သူများလည်း ရင်ဖွင့်ချင်တာလေးတွေရှိရင် ဂန္ထဝင်ရဲ့ “ မိန်းမသားတို့ရင်ဖွင့်သံကဏ္ဍ” ကို လိပ်မူပြီး ရင်ဖွင့်စာလေးတွေ ရေးသားပေးပို့နိုင်ပါတယ်ရှင်။