ကိုဗစ်ကြီးနဲ့ဝေးဝေးနေဖို့ ကိုယ့်ကိုယ်ကိုယ်ပိုချစ်ကြရအောင်။

blank

သူငယ်ချင်းရေ…

ကိုဗစ်ကြီးခြားနေတာနဲ့ တို့တွေလည်း မတွေ့ရတာကြာပေါ့။ နေကောင်းရဲ့လား။ အိမ်ထဲနေရတာ ပျင်း တယ်ဆိုပြီး စိတ်ရှိတိုင်း ရေခဲသေတ္တာဖွင့်စားနေတုန်းလား။ ပထမလှိုင်းတုန်းက တက်ခဲ့တဲ့ဝိတ်တွေကို ဘယ် လောက်ပြန်ချယူရလဲဆိုတာတော့ မမေ့လိုက်နဲ့ဦးနော် သူငယ်ချင်းရေ။

သတိတွေရနေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကော ဂရုစိုက်ရဲ့လား။ အခုအချိန်က ကိုယ့်ကိုယ်ကိုယ် ဂရု စိုက်မှ၊ ချစ်မှပဲ ကိုဗစ်ကြီးရဲ့ဘေးက ရှောင်ပြေးနိုင်မှာနော်။ တို့ကတော့ work from home မို့ အညောင်းမမိ အောင် လေ့ကျင့်ခန်းလေးတွေလည်းလုပ်၊ ကိုယ်ခံအားကောင်းမယ့်အစားအစာတွေစားပြီး ကိုယ့် ကိုယ်ကိုယ် ချစ်နေတယ်။  အခုက နင်သိတဲ့အတိုင်းပဲ ဖျားနာလာရင်လည်း ဆေးရုံ၊ ဆေးခန်းပြဖို့က ခက်တယ်လေ။ ဒါ ကြောင့် စပြီး stay home ကတည်းက ကိုယ့်အတွက်လိုအပ်မယ့်ဆေးဝါးတွေကအစ ငါတော့ပြင်ဆင်ထား လိုက်တာပဲ။ အထူးသဖြင့် ပြင်ဆင်ရတဲ့အထဲမှာ နင်လည်း ငါနဲ့အတူတူဖြစ်နေကျ တစ်လတစ်လရာသီ စက် ဝန်းအချိန် PMS ဝေဒနာတွေအတွက်လည်း ပါတာပေါ့။ အခုအချိန်က စိတ်ကောလူပါ ကျန်းမာဖို့ လိုအပ်တဲ့ အ ချိန်ဆိုတော့ PMS အချိန်ကို အဆင်ပြေပြေကျော်ဖြတ်ဖို့ကလည်း ငါတို့ မိန်းကလေးတွေအတွက် အရေးကြီး တယ်လေနော်။ ငါဘာတွေလုပ်လဲဆိုတော့…

–         ဗီတာမင် D၊ ဗီတာမင် B1နဲ့ ဗီတာမင် B2 ပါဝင်တဲ့အစားအစာတွေများများစားပေးတယ်။ အဲ့ဒါတွေက ငါတို့ခံစားရတဲ့ PMS ဝေဒနာတွေကို လျှော့ချပေးနိုင်တယ်လေ။

–         ပုံမှန်လေ့ကျင့်ခန်းလုပ်တယ်။ အဲ့ဒါက ခန္ဓာကိုယ်တစ်ခုလုံးသွေးလည်ပတ်မှုကောင်းမွန်စေရုံတင်မကဘဲ PMS အချိန်မှာဖြစ်တဲ့ ခေါင်းကိုက်တာ၊ ရင်သားနာကျင်တာ၊ ပျို့အန်ချင်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှော တာ၊ လေပွတာတွေကို သက်သာစေတယ်။

–         စိတ်ဖိစီးစရာတွေကို ရှောင်တယ်။ ဒီအချိန်ဆိုတာက ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်ခံစား မှုတွေက အတက်အကျအမျိုးမျိုးဖြစ်နေတာဆိုတော့ အဲ့ဒါကို သတိနဲ့ဖြတ်သန်းရတာပေါ့။

–         အကိုက်အခဲပျောက်အောင် Dolfenal သောက်တယ်။

ဒီတော့ နေထိုင်ရတာပေါ့ပါးပြီး ရာသီအချိန်ကို အဆင်ပြေပြေဖြတ်သန်းနိုင်တယ် သူငယ်ချင်းရေ။ နင် ကော အဲ့ဒီအချိန်ကို အဆင်ပြေအောင် ဘယ်လိုဖြတ်သန်းဖြစ်နေလဲ။ ငါ့နည်းလမ်းလေးတွေနင့်ကိုမျှဝေရင်း  သ တိလည်းရနေလို့ ဒီစာကို ရေးလိုက်တာပါ။ ဂရုစိုက်ပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။ ကိုဗစ်ကြီးပြီးရင် ငါတို့ သူငယ် ချင်းနှစ်ယောက်ကျန်းကျန်းမာမာနဲ့ပြန်ဆုံကြမယ်လေနော်။

စာချစ်သူပျိုမေများကျန်းမာရေးဗဟုသုတရစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Dolfenal တို့မှ ပူးပေါင်း တင်ဆက်ထားတာဖြစ်ပါတယ်။