အနာဂတ်အတွက် စိုးရိမ်ပူပန်စိတ်တွေကို ခဝါချနိုင်ဖို့……..

blank

စာချစ်သူတို့ရေ……..

ညဘက်အိပ်ရာဝင်တဲ့အခါ နဖူးပေါ်လက်တင်ပြီး ဒီနေ့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ ကိုယ့်စိတ်တိုင်းကျ ဘာတွေဖြစ်ခဲ့လဲ၊ ဘာတွေမဖြစ်ခဲ့လဲဆိုတာ ပြန်တွေးပါ။ အတွေ့အကြုံတစ်ခုချင်းစီကနေ သင်ယူပါ။ ဒီနေ့မှာဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကို နောက်တစ်နေ့ထိမသယ်ဘဲ ချန်ထားရစ်ခဲ့ပါ။ စိတ်အေးအေးနဲ့နှလုံးငြိမ်ငြိမ်ထားပြီး ကောင်းကောင်းအိပ်စက်ပါ။

လက်ရှိကာလကိုပဲ ချစ်ခြင်းမေတ္တာပြည့်ဝနေတဲ့ဘဝမှာ ရှင်သန်နေရချိန်လေးအဖြစ် မှတ်ယူပြီး ရင်ဝယ်ပိုက်ထားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မနက်ဖြန်ဆိုတာ ချစ်ခြင်းမေတ္တာ၊ ရှင်သန်ခြင်း၊ ကျေးဇူးသိတတ်စိတ်တွေနဲ့ ဖြတ်သန်းရမယ့်နေ့သစ်တစ်နေ့လို့ နားလည်ထားပြီး ကောင်းကောင်းအိပ်စက်လိုက်ပါ။

ကဲ…….စာချစ်သူတို့ရေ လက်ရှိအချိန်လေးကိုပဲ အကောင်းဆုံးကျော်ဖြတ်လိုက်ကြရအောင်နော်။