စက်တင်ဘာမှာမွေးဖွားသူနဲ့ ဒိတ်တော့မယ်ဆိုရင်သိထားသင့်တဲ့အချက်လေးတွေ…

blank

          သင့်ချစ်သူဟာ စက်တင်ဘာလမှာ မွေးဖွားသူတစ်ယောက်လား။ ဒါမှမဟုတ် စက်တင်ဘာလမှာ မွေး ဖွားတဲ့သူတစ်ယောက်နဲ့ဒိတ်ဖို့ ပြင်ဆင်နေလား။ ဒါဆိုရင်တော့ သူတို့တွေနဲ့ပတ်သက်တဲ့အချက်လေးတချို့ကို သိထားသင့်ပါတယ်။ စက်တင်ဘာလမှာ မွေးဖွားသူတွေဟာ…

၁။ ချစ်ခင်တွယ်တာတတ်သူတွေပါ။

သူတို့ရဲ့တစ်ကိုယ်ကောင်းမဆန်တတ်တဲ့သဘာဝလေးကပဲ လူတိုင်းအမြင်မှာ ဆွဲဆောင်မှုရှိနေစေသူ တွေပါ။ သင့်ကိုမြင်မြင်ချင်းဆွဲဆောင်နိုင်ခဲ့တာကလည်း အဲ့ဒီအချက်ကြောင့်ဖြစ်နိုင်ပါတယ်။ သူတို့နဲ့ဒိတ်ဖို့ ဆုံး ဖြတ်လိုက်ပြီဆိုရင်တော့ သူတို့ချစ်တဲ့သူတွေကို အချိန်ပေးတာ၊ အာရုံစိုက်တာတွေအပေါ် နားလည်ပေးဖို့လိုပါ လိမ့်မယ်။

၂။ အစားတစ်လိုင်းတွေပါ။

အစားအသောက်ကြိုက်ပြီး အစားစားနေရရင်ကို ပျော်နေတတ်သူတွေပါ။ ဒါကြောင့် သင်နဲ့တွဲတဲ့အခါ အတူတူအပြင်ထွက်စားသောက်ခြင်းနဲ့ သူတို့ပျော်ရွှင်မှုကို ဖြည့်ဆည်းပေးလို့ ရပါတယ်။ လူတစ်ယောက်ရဲ့နှလုံး သားထဲကို ဝင်ရောက်ဖို့ အကောင်းဆုံးလမ်းကြောင်းဟာ အစားအသောက်ဆိုတဲ့စကားတောင် ရှိသေးတယ်မ ဟုတ်လား။

၃။ ပြီးပြည့်စုံမှုကို နှစ်သက်သူတွေပါ။

ဘဝမှာ သူတို့လိုချင်တဲ့ပန်းတိုင်၊ ရလဒ်မရမချင်း ထပ်တလဲလဲကြိုးစားကြသူတွေပါ။ သူတို့အလုပ်နဲ့ပတ် သက်ရင် အစွဲအလန်းကြီးကြတယ်။ သူတို့ကိုယ်သူတို့အမြဲမှန်တယ်လို့ထင်ကြတာကိုတော့ နည်းနည်းသည်းခံ ပေးဖို့ လိုပါတယ်။

၎။ အရာရာတိုင်းကို တန်ဖိုးထားချစ်တတ်သူတွေပါ။

ဘဝထဲက အသေးအဖွဲတွေကအစ တန်ဖိုးထားချစ်တတ်သူတွေ၊ ကျေးဇူးသိတတ်သူတွေဆိုတာ စက် တင်ဘာမှာ မွေးဖွားသူတွေပါပဲ။ သူတို့ဘဝထဲဝင်လာသမျှဟာ သူတို့နဲ့ထိုက်တန်တယ်လို့တွေးတဲ့အတွက် ကျေ ကျေနပ်နပ်လက်ခံဖြတ်သန်းတတ်ကြသူတွေလည်း ဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၅။ ငြီးငွေ့လွယ်သူတွေပါ။

သူတို့တွေဟာ တက်တက်ကြွကြွနေတတ်ပြီး စွန့်စားရတာနှစ်သက်သူတွေပါ။ ငြီးငွေ့လွယ်တတ်သူတွေ ဖြစ်တာကြောင့် သူတို့တွေဟာ အပျင်းပြေအောင် အသစ်အဆန်းတွေကို အမြဲရှာဖွေနေတတ်ကြတယ်။ ဒါ ကြောင့် သူတို့နဲ့ဒိတ်တဲ့အခါ မရိုးနိုင်တဲ့ညစာစားပွဲအပြင်အဆင်လေးတွေ၊ အစီအစဉ်လေးတွေနဲ့ သူတို့စိတ်ဝင် စားအောင် ဖန်တီးပေးဖို့ မမေ့ပါနဲ့နော်။

၆။ ခရီးသွားရတာကြိုက်သူတွေပါ။

သူတို့ကိုစိတ်ကူးယဉ်ကမ္ဘာထဲခေါ်ဆောင်သွားနိုင်တဲ့အရာတိုင်းကို သူတို့ကြိုက်ကြပါတယ်။ ခရီးသွားရ တာကိုတော့ သူတို့အပျော်ဆုံးပါပဲ။ သင်ကလည်း စိတ်လှုပ်ရှားစရာကောင်းတဲ့အရာတွေကို ရှာဖွေနေသူဆိုရင် တော့ သင်နဲ့လိုက်ဖက်အညီဆုံးက စက်တင်ဘာလမွေးဖွားသူတွေပဲဖြစ်ပါလိမ့်မယ်။

၇။ စာချစ်သူတွေပါ။

စာမှန်သမျှ အကုန်ကြိုက်တဲ့သူတွေပါ။ သူတို့ဖတ်တဲ့စာအုပ်ထဲကဇာတ်ကောင်ဟာ သူတို့ပါပဲ။ ရှာရသမျှ ပိုက်ဆံရဲ့ ရာခိုင်နှုန်းအတော်များများကို စာအုပ်ဖတ်ရင်းနဲ့ကုန်ဆုံးစေသူတွေပေါ့။

၈။ ဆွဲဆောင်မှုရှိသူတွေပါ။

စကားအပြောအဆိုလိမ္မာပါးနပ်ပြီး ယုံကြည်ထိုက်အောင် ဖြောင့်မတ်သူတွေပါ။ လူကဲခတ်လည်း ကောင်းပါတယ်။ ဒါကြောင့် သူတို့နဲ့ဒိတ်မယ်ဆိုရင် သင့်အရိပ်အကဲကိုအမြဲကြည့်ပြီး ပျော်အောင်ထားမယ့်သူဆို တာ သံသယဖြစ်စရာမလိုပါဘူး။

၉။ နွေးထွေးတဲ့စိတ်သဘောထားပိုင်ရှင်တွေပါ။

အေးအေးချမ်းချမ်းနေတတ်ပြီး လူတွေကို လွယ်လွယ်နဲ့ဝေဖန်အကဲဖြတ်လေ့မရှိပါဘူး။ လူတိုင်းအပေါ် လေးလေးစားစားဆက်ဆံတတ်ပါတယ်။ ဒီလိုပြောလို့ သင့်အပေါ် သူတို့အမြင်ကို ဘယ်တော့မှ ထုတ်ဖော် မ ပြောဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ ပြောသင့်တယ်ထင်ရင် ပြောမှာပါ။

၁ဝ။ အချစ်ရေးမှာ အပျော်ရွှင်ဆုံးသူတွေပါ။

သူတို့တွေဟာ သူတို့ဘေးမှာရှိတဲ့သူတွေနဲ့ သူတို့ရဲ့အတွေ့အကြုံတွေ၊ အမှတ်တရတွေကို မျှဝေရတာ နှစ်သက်ကြတယ်။ တစ်ယောက်ယောက်က သူတို့နဲ့ခံစားချက်ချင်းတူနေတာကို ကြိုက်တယ်။ သူတို့ယုံကြည်ရာ ကိုလည်း လူတွေကို အမှန်အတိုင်းပဲ ဖော်ပြတတ်တာကြောင့် အချစ်ရေးမှာလည်း ပျော်ရွှင်ရသူတွေပါ။

တိုက်ဆိုင်မှုလေးတွေပါရင် SHARE လိုက်ပါဦးနော်။