တောင်တက်ခြင်းက အသည်းဒဏ်ရာတွေကို ဘာကြောင့်ကုစားပေးနိုင်တာလဲ။

blank
  • တောင်တက်ရင်းဘေးမှာ မြင်ရမယ့် တိမ်တိုက်လေးတွေဟာ အသည်းကွဲဒဏ်ရာတွေကို လွှင့်ပါးစေနိုင်တဲ့ အစွမ်းတွေရှိပါတယ်။
  • သဘာဝတရားဟာ အမြင်တွေကို ပြောင်းလဲပေးနိုင်တဲ့အတွက် အသည်းကွဲဒဏ်ရာတွေမှာ တဝဲဝဲလည်နေမယ့် သင့်စိတ်တွေကိုလည်း ပြောင်းလဲပေးနိုင်ပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

  • လှပတဲ့ရှုမျှော်ခင်းလေးတွေဟာ ဘဝအပေါ် အမြင်အသစ်တွေကို ဖြစ်ပေါ်စေနိုင်မယ်။
  • တောင်တက်တဲ့အချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်ပြီး ချွေးတွေထွက်လာမယ်။ အဲ့ဒီအခါမျိုးမှာထွက်လာမယ့် အန်ဒေါ်ဖင်ဟော်မုန်းဟာ စိတ်ကိုတက်ကြွပျော်ရွှင်စေပါတယ်။
  • တောင်ထိပ်ကိုရောက်တဲ့အခါမှာ တစ်ခုခုကိုပြီးမြောက်အောင် ဆောင်ရွက်နိုင်တဲ့ အရသာကို ခံစားမိစေပါတဲ့အတွက် တက်ကြွလာမယ်။

ဒါ့ကြောင့် အသည်းကွဲဒဏ်ရာကို ကုစားဖို့အတွက် သဘာဝဆေးတစ်လက်ကို ရှာဖွေချင်တယ်ဆိုရင် ကိုယ့်ကိုအမှန်တကယ်အားပေးတတ်တဲ့ သူငယ်ချင်းတစ်စုကိုခေါ်ပြီး တောင်တက်ခရီး အသေးစားလေးကိုသာ စီစဉ်လိုက်ပါနော်။