သင်ချစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေက ပြောပြနေတဲ့ သင့်အကြောင်း

blank
၁။ သင်က ခွေးချစ်သူတစ်ဦးဆိုရင်…

ဟော့ဟော့ဒိုင်းဒိုင်းပြောတတ်ပြီး ကြောင်ချစ်သူတွေထက် ညှိနှိုင်းရလွယ်ကူသူပါ။ ပွင့်ပွင်းလင်းလင်းနေ တတ်သလို ဖြောင့်မတ်မှုရှိတယ်။ တိရစ္ဆာန်ချစ်သူအားလုံးထဲမှာတော့ အပျော်ရွှင်ဆုံးသူပါ။ ဘဝမှာ စိတ်လှုပ်ရှား စရာတွေ ရှာဖွေရတာ၊ စွန့်စားရတာတွေကို ကြိုက်တယ်။

၂။ သင်က ကြောင်ချစ်သူတစ်ဦးဆိုရင်…

ကြောင်ချစ်သူတွေဟာ တီထွင်ဖန်တီးမှုတွေ၊ စွန့်စားရမှုတွေကို ကြိုက်နှစ်သက်ပြီး စိုးရိမ်ပူပန်မှုလည်း များကြပါတယ်။ စိတ်ထိရှလွယ်ပေမဲ့ သူတစ်ပါးခံစားချက်ကို ကောင်းစွာနားထောင်ပေးနိုင်သူတွေလည်း ဖြစ်ပါ တယ်။ ခံစားချက်တွေကို မြိုသိပ်ထားတတ်ပြီး စည်းမျဉ်းတွေကို ချိုးဖောက်တတ်သူတွေပါ။

၃။ သင်က ငှက်ချစ်သူတစ်ဦးဆိုရင်…

ငှက်ချစ်သူတွေဟာ လူမှုဆက်ဆံရေးအလွန်ကောင်းပြီး လူတိုင်းနဲ့သင့်မြတ်သူတွေပါ။ ခွေးချစ်သူ၊ ကြောင်ချစ်သူတွေထက် ပွင့်လင်းသူတွေလည်း ဖြစ်ပါတယ်။ တခြားသူတွေအပေါ် သြဇာရှိပြီး ကြံ့ခိုင်တဲ့ကိုယ် ရည်ကိုယ်သွေးရှိသူပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၎။ တွားသွားသတ္တဝါချစ်သူတစ်ဦးဆိုရင်…

လွတ်လပ်မှုကို ကြိုက်တဲ့နေရာမှာ ပြိုင်ဘက်ကင်းသူတွေပါ။ သင့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုး ထားတယ်။ သံယောဇဉ်တွယ်စရာတွေနဲ့ ဝေးဝေးနေတယ်။

၅။ ငါးချစ်သူတစ်ဦးဆိုရင်…

ဟာသဉာဏ်အရွှင်ဆုံးသူတွေဖြစ်ပြီး ဘဝမှာ စိတ်ချမ်းသာပျော်ရွှင်မှုတွေနဲ့ ရှင်သန်ကြသူတွေပါ။ အ ကောင်းမြင်စိတ်ကြီးမားပြီးတော့ အပေါ်ယံတွေအပေါ် မနှစ်သက်ကြပါဘူး။

သင်ကော တိရစ္ဆာန်ချစ်တတ်သူလား။ သင်အချစ်ဆုံးတိရစ္ဆာန်လေးကိုလည်း ပြောပြခဲ့ပါဦးနော်။