ကျန်းမာရေးကို ထိခိုက်စေတဲ့အစားအစာတွေကို ဒါလေးတွေနဲ့ အစားထိုးစားကြမယ်။

blank
၁။ သကြားအစား ပျားရည်သုံးပါ။

သကြားဟာ ပြုပြင်ဖန်တီးထားတဲ့အစားအစာဖြစ်တာကြောင့် သွားတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ပျားရည်မှာတော့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဗီတာမင်၊ အာဟာရဓာတ်တွေနဲ့ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်တာကြောင့် သကြားအစား ပျားရည်အစားထိုး သုံးစွဲပါ။

၂။ ချိစ် (Cheese) အစား ထောပတ်သီးစားပါ။

ချိစ်မှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ ပြည့်ဝပျော်ဝင်ဆီတွေများစွားပါဝင်ပါတယ်။ ထောပတ်သီးမှာတော့ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ အဆီဓာတ်တွေပါဝင်တာကြောင့် ချိစ်အစား ထောပတ်သီးကို သုံးစွဲပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ဂျုံမှုန့်အစား အခွံမာသီးမှုန့်ကို အသုံးပြုပါ။

ဂျုံမှုန့်ဟာ ကစီဓာတ်နဲ့ မတည့်သူတွေအတွက် ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အုန်းသီးမှုန့်၊ ဗာဒံစေ့မှုန့်လို အခွံမာသီးမှုန့်တွေဟာ ကစီဓာတ်မပါဝင်သလို အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် ဂျုံမှုန့်အစား အခွံမာသီးမှုန့်ကို အစားထိုးအသုံးပြုပါ။

ဒီကျန်းမာရေးဗဟုသုတပေးစာစောင်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် မျှဝေပေးသွားပါဦးနော်။