ဘဝတိုက်ပွဲအတွက် “ ကြိုတင်ပြင်ဆင်ခြင်း” ကသာ အကောင်းဆုံးလက်နက်ပါ။

blank

“ ကြိုတင်ပြင်ဆင်မှုသာရှိထားခဲ့ရင်” ဆိုတဲ့အတွေးနဲ့ အခွင့်အရေးတွေ လက်လွှတ်လိုက်ရချိန်ရှိဖူးလား။

ဘဝရဲ့နာကျင်စရာအကောင်းဆုံးအချိန်တွေထဲမှာ “ မလုပ်လိုက်ရလေခြင်း၊ မဖြစ်လိုက်ရလေခြင်း၊ မ ကြိုးစားမိခဲ့ရလေခြင်း” ဆိုတဲ့ နောင်တရချိန်တွေလည်း ပါပါတယ်။ ပြီးပြီးသားကိစ္စတွေက ပြန်ပြင်လို့မရသလို ပြန်ပြင်ဆင်ခွင့်ရှိခဲ့ရင်တောင် ပထမဆုံးအကြိမ်ရဲ့အကောင်းဆုံးအခွင့်အရေးကို လက်လွှတ်လိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ခရီးရှည်ကြီးဖြစ်တဲ့အတွက် တိုက်ပွဲကလည်း အရှည်ကြီးပါပဲ။ ဘဝမှာ အောင်မြင်မှုအတွက် ရုန်းကန်တိုက်ခိုက်ရတယ်။ နေရာတစ်နေရာရဖို့အတွက် ကြိုးစားရတယ်။ ကိုယ်ပိုင်အခွင့် အရေးအတွက် တောင်းဆိုရတယ်။ ပြင်ဆင်ခြင်းတစ်ခုသာရှိမထားရင် လျှပ်တစ်ပြက်ရောက်လာတဲ့ အောင်မြင်မှု အခွင့်အလမ်းတွေကိုလည်း ဖမ်းဆုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဘယ်အခြေအနေမှာမဆို ကြိုတင်ပြင်ဆင်မှု တွေ ပြုလုပ်ထားဖို့ မမေ့ပါနဲ့နော်။

သင်ကော ဘဝတိုက်ပွဲကို ဘယ်လိုလက်နက်နဲ့ရင်ဆိုင်တိုက်ခိုက်နေသူလဲ။