လူတိုင်းမှာ ဘာကြောင့် ကျန်းမာရေးအာမခံ (Health Insurance ) ထားရှိသင့်တာလဲ။

blank

ကောင်းခြင်းအားလုံးရဲ့အခြေခံအချက်ဟာ ကျန်းမာရေးဆိုတာ လူတိုင်းသိကြပါတယ်။ ကြီးမားတဲ့ ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်ပေါ်လာတဲ့အခါ တစ်သက်လုံးရှာဖွေလာသမျှတွေဟာ ဆေးကုသစရိတ်နဲ့ ကုန်ကြရတာက အများစုပါပဲ။

အထူးသဖြင့် မိသားစုအတွင်း တစ်ဦးထက်ပိုတဲ့ နာမကျန်းမှုတွေကြုံလာတဲ့ အခါဆိုရင် ဆေးကုသစရိတ်တွေဆိုတာ ရှာသမျှ အိတ်ပေါက်နဲ့ဖားကောက်ရသလို မနိုင်ဝန်တွေဖြစ်လာစေ ပါတယ်။ ခိုင်မာတဲ့မိသားစုအနာဂတ်ကို တည်ဆောက်ထားလိုတယ်ဆိုရင်တော့ ကျန်းမာရေးအာမခံဟာ အိမ်တိုင်းထားရှိသင့်တဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

အထူးသဖြင့် အခုလို COVID-19 ဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မျိုးမှာ ဒီလိုအာမခံမျိုးတွေဟာ ပြင်ဆင်ထားသင့်တဲ့အရာပါ။ ကျန်းမာရေးအာမခံက သင့်ကို ဘာတွေကူညီနိုင်မလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

blank