Coronavirus ကို စိတ်ပူခြင်းနဲ့ ကာကွယ်နိုင်မှာလား။

blank

Coronavirus ကို စိတ်ပူခြင်းနဲ့ မကာကွယ်နိုင်ပါဘူး။

ကာကွယ်နိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်အလက်တွေကို သိထားရပါမယ်။

ဒါဆို ဆောင်ရ၊ ရှောင်ရမှာတွေသိရုံနဲ့ရော ကာကွယ်နိုင်လားဆိုတော့လည်း မကာကွယ်နိုင်ပါဘူး။

အချက်အလက်အမှန်တွေ ဖြစ်မှရပါမယ်။

အချက်အလက်မှန်တွေရရှိရင်ရော ကာကွယ်နိုင်လားဆိုတော့လည်း မကာကွယ်နိုင်ပြန်ပါဘူး။

လိုက်နာကျင့်သုံးရပါမယ်။

လိုက်နာကျင့်သုံးရုံနဲ့ကော ကာကွယ်နိုင်ပြီလားလို့မေးရင်တော့ သင့်ကိုယ်သင်တော့ ကာကွယ်နိုင်ပါပြီ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ရုံနဲ့ လုံလောက်ပြီလို့ မတွေးပါနဲ့။

သင်အပျော်သဘော Share လိုက်တဲ့ သတင်းအမှားတွေ၊ ဖန်တီးလိုက်တဲ့ သတင်းအမှားတွေကြောင့် တခြားမိသားစုပေါင်းများစွာထဲက တချို့တွေသာ ယုံကြည်လိုက်မိရင် ပျက်စီးသွားမယ့် ဘဝပေါင်းက စိတ်ကူးကြည့်လို့တောင် မရနိုင်ပါဘူး။

Social Media က အသံကျယ်ပါတယ်။

ကိုယ့်ကြောင့် တကယ်မှန်ကန်တဲ့အသံတွေကို တိုးမသွားစေပါနဲ့။

သင်ချစ်ခင်ရသူတွေဒီမှန်ကန်တဲ့အသံလေးကို ကြားနိုင်စေဖို့ ဝေမျှပေးလိုက်ပါဦးနော်။