အခုအချိန်ဟာ သတ္တိရှိကြောင်းပြသရမယ့်အချိန်ပါ။

blank

ကိုရိုနာဗိုင်းရပ်စ်ရဲ့သတင်းတွေကြားပြီး စိတ်ပူနေလား စာချစ်သူတို့ရေ…။

ကိုရိုနာဗိုင်းရပ်စ်ဟာ သတိကြီးကြီးထားရမယ့်ရောဂါတစ်ခုဖြစ်ပေမယ့် အစိုးရိမ်လွန်တာမျိုးကိုတော့ မဖြစ်စေချင်ဘူး။ အစိုးရိမ်လွန်လာတဲ့အခါ စိတ်ဖိစီးမှုတွေများလာမယ်၊ စိတ်ဖိစီးမှုများလာရင် ညအိပ်မပျော်တာ၊ ကောင်းကောင်းမစားနိုင်တော့တာတွေဖြစ်လာမယ်။ အဲ့ဒီအခါမျိုးမှာ ကိုယ်ခံစွမ်းအားတွေ လျော့နည်းလာပြီး ရောဂါကူးစက်ခံရဖို့ ပိုပြီးအခွင့်အရေးများလာမယ် မဟုတ်လား။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့တာကိုကျွန်မတို့ ထိန်းချုပ်လို့မရနိုင်ပါဘူး။ ဒါပေမဲ့ ကိုယ်ဟာ ရောဂါကို သယ်ဆောင်တဲ့သူမဖြစ်အောင်၊ ကိုယ့်ကြောင့်ရောဂါမပြန့်ပွားအောင်တော့ လုပ်ဆောင်နိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဆုံးရှုံးမှုတွေ၊ ရောဂါဝေဒနာခံစားရတာတွေကို ကျွန်မတို့ လျှော့ချပေးလို့မရပါဘူး။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေကို မျှဝေပေးပြီး အသိပညာတွေဖြန့်ဝေလို့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်မယ့်လူတွေရဲ့ စိုးရိမ်ကြောင့်ကျမှုတွေကို ကျွန်မတို့ လျှော့ ချပေးလို့ မရနိုင်ပါဘူး။ ဒါပေမဲ့ မဟုတ်မမှန်သတင်းတွေကို မဖြန့်ဝေခြင်းဖြင့် လူတွေရဲ့ ကြောင့်ကျမှုတွေကို ပိုမဆိုးအောင် ကာကွယ်ပေးလို့ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရဲ့ အကျိုးဆက်ကြောင့် စီးပွားရေးကြပ်တည်းသွားမယ့် ချို့တဲ့သူတွေကို ကျွန်မတို့ လှူဒါန်းမှုအကြီးကြီးတွေ လုပ်နိုင်ချင်မှ လုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ စားသောက်ကုန်တွေကို အလောတကြီးဝယ်ယူစုဆောင်းတာမျိုး မလုပ်ခြင်းအားဖြင့် ကုန်ပစ္စည်းတွေဈေးတက်သွားတာ၊ ပြတ်လပ်တာမျိုးမဟုတ်အောင် ဆောင်ရွက်ပေးလို့ရပါပြီ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ဒီကာလဟာ စိုးရိမ်ကြောင့်ကျပူလောင်ရမယ့် အချိန်မဟုတ်တော့ပါဘူး။

ကျွန်မတို့တွေအားလုံး သတ္တိရှိကြောင်းပြသဖို့….

🦠 မကြာမကြာလက်ဆေးကြမယ်။
🦠 စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားကြမယ်။
🦠 အပြင်ကပြန်လာတိုင်း ရေမိုးချိုးသန့်စင်ကြမယ်။
🦠 တတ်နိုင်သလောက်အိမ်မှာနေကြမယ်။
🦠ရေနွေးမကြာမကြာသောက်ကြမယ်။
🦠 အိပ်ရေးဝဝအိပ်ကြမယ်။
🦠 စိတ်ဖိစီးမှုတွေကို လျှော့ချကြမယ်။ လေ့ကျင့်ခန်းတွေလုပ်ကြမယ်။
🦠 ကိုယ့်ကိုယ်ကိုယ်ကော ကိုယ်ချစ်တဲ့သူတွေကိုရဲ့ ကျန်းမာရေးကိုပါ ဂရုစိုက်ပေးကြမယ်။

ဒီကိုရိုနာဗိုင်းရပ်စ်ကာလကို ကျွန်မတို့ကို စိန်ပွင့်တွေအဖြစ်ပြောင်းလဲပေးမယ့် ဖိအားတွေအဖြစ် သတ်မှတ်ထားပြီး ကိုယ်ခံစွမ်းအားတွေနဲ့ တွန်းလှန်ကြမယ်။

ဒီကာလမှာ ကျွန်မတို့အားလုံးစည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်နဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ ရောဂါဆိုးကြီးကို တိုက်ဖျက်ကြမယ်နော်။

စာချစ်သူများအားလုံး ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်တဲ့နေ့ရက်များကို ပိုင်ဆိုင်ကြပါစေဖို့ အကြံပြုချက်လေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ တော်ဝင်စိန်တိုက်တို့မှပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။