တစ်ခါတလေမှာ မိဘနဲ့သားသမီးအဆင်မပြေတာဟာ မိဘတွေဘက်က ပြဿနာရှိနေလို့ပါ။

blank

ကျွန်မက မိဘနဲ့သားသမီးကြားဖြစ်တတ်တဲ့ပြဿနာရပ်တွေအကြောင်း လေ့လာနေတဲ့သုတေသီတစ် ယောက်ပါ။ ပြီးခဲ့တဲ့နှစ်က အမျိုးသမီးတစ်ယောက်ဟာ ကျွန်မကို သူမရဲ့ ၇ နှစ်အရွယ်သားငယ်လေးရဲ့ကိစ္စတစ် ခုနဲ့ပတ်သက်ပြီး ဖုန်းဆက်တိုင်ပင်ခဲ့ပါတယ်။ သူမပြောတာက သူမရဲ့သားငယ်လေးဟာ သူမနဲ့ လုံးဝပတ်သက် ဆက်ဆံမှုမပြုဘဲ ကင်းကင်းပြတ်ပြတ်နေနေပါတယ်။ အဲ့ဒါကို မခံစားနိုင်တဲ့အတွက် သူမက ကျွန်မကို ရင်ဖွင့် ပြီး အကြံဉာဏ်တောင်းတာပါ။ အဲ့ဒါနဲ့ သူတို့အိမ်ကို ကျွန်မရောက်သွားပြီး အခြေအနေကို အကဲခတ်ပါတယ်။

သူတို့အိမ်ကို ကျွန်မရောက်သွားတဲ့အချိန်မှာ သူတို့သားအမိထမင်းစားနေကြပါတယ်။ ကလေးရဲ့ အမေ ပြောတာ အမှန်ပါပဲ။ သူမရဲ့သားလေးဟာ မိခင်ဖြစ်သူကို လုံးဝအပြောအဆိုအဆက်အဆံမလုပ်ဘဲ ဘာသိဘာ သာပဲနေနေပါတယ်။ မိခင်နားတကပ်ကပ်နေနေရမယ့် အရွယ်မှာ အခုလိုဖြစ်နေတာက အံ့သြစရာပါ။ ပြဿနာ က ဘာကြောင့်လဲဆိုတာ စူးစမ်းလိုစိတ်နဲ့ကျွန်မက ကလေးနဲ့ရင်းနှီးအောင် စတင်ကြိုးစားပါတယ်။ ကလေးနဲ့ ကစားကြည့်တယ်။ ကလေးရယ်ချင်အောင် ဟာသလေးတွေလုပ်တယ်။ ကလေးဆီက တုံ့ပြန်မှုရအောင် ကျွန်မ ကြိုးစားကြည့်တော့ ကလေးက ကောင်းကောင်းတုံ့ပြန်ပါတယ်။ ရယ်စရာရှိတာကို ဟက်ဟက်ပက်ပက်ရယ်ပါ တယ်။ အဲ့ဒါကိုမြင်လိုက်ရတော့ ပြဿနာရှိနေတာဟာ ကလေးဘက်ကမဟုတ်ဘဲ မိဘဘက်ကလားဆိုပြီး ကျွန်မတွေးမိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အဲ့ဒီနောက်တော့ ကျွန်မဟာ ကလေးရဲ့မိခင်ဘဝနောက်ကြောင်းကို စတင်တူးဖော်မေးမြန်းကြည့်ခဲ့ တယ်။ သိရသလောက်တော့ ကလေးရဲ့အမေဟာ ငယ်စဉ်ဘဝက မိဘရဲ့ဂရုစိုက်မှုတွေမရဘဲ လျစ်လျူရှုခံ ခဲ့ရရှာသူပါ။ ပြီး တော့ မိခင်က အရက်လည်း စွဲနေပါတယ်။ ဒါတွေကို ကလေးကတော့ မသိပါဘူး။ ဒါပေမဲ့… သူလိုချင်တဲ့ပတ်ဝန်းကျင်ကောင်းမျိုးမဟုတ်တဲ့အတွက် ကလေးကသူ့အတွက် စိတ်ပူပန်စရာလို့ထင်တဲ့အရာတွေကို ရှောင်ဖို့ကြိုးစားရင်း သီးခြားနေထိုင်သလိုဖြစ်သွားတာပါ။ တစ်နည်းအားဖြင့် သူ့ကို စိတ်ပူပန်မှုပေးသူဟာ သူ့အမေဖြစ်နေတဲ့အတွက် မိခင်ဖြစ်သူကို ရှောင်နေသလိုဖြစ်သွားတာမျိုးပါ။

သူတို့သားအမိကိုကြည့်ပြီး ကျွန်မအတွက် နားလည်စရာတွေအများကြီးရရှိခဲ့ပါတယ်။

တကယ်တော့ မိဘနဲ့သားသမီးကြား နက်ရှိုင်းတဲ့အဆက်အသွယ်ရှိမှုတွေဖန်တီးဖို့ဆိုရင် ကျွန်မတို့ အ တိတ်မှာ ရှိခဲ့တဲ့ ဒဏ်ရာတွေ၊ ပုံစံအဟောင်းတွေကို အရင်ဖျောက်ဖျက်ပစ်သင့်ပါတယ်။ ကျွန်မတို့ရဲ့ အတွင်းစိတ် ထဲက အနာတရတွေသက်သာအောင် အရင်ကြိုးစားသင့်ပါတယ်။ ဒါမှသာ ကလေးတွေကို အလွတ်လပ်ဆုံးပျိုး ထောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

သင်ကလည်း မိဘတစ်ယောက်ဆိုရင် သင်သိထားတဲ့ သားသမီးပြုစုပျိုးထောင်မှုနည်းလမ်းကောင်းလေးတွေကို ပြန်မျှဝေခဲ့ပါဦးနော်။