တခြားသူတွေမချစ်တာ ဝမ်းမနည်းပါနဲ့။ သင့်ကိုယ်သင်ချစ်ခြင်းနဲ့ ပျော်ရွှင်လိုက်ပါ။

blank

အသိအမှတ်ပြုခံရတဲ့ဘဝ၊ အချစ်ခံရတဲ့ဘဝဆိုတာတော့ လူတိုင်းလိုချင်တောင့်တကြတဲ့ ဘဝပါပဲ။ ဒါ ပေမဲ့ လူတိုင်းပိုင်ဆိုင်ခွင့်ရကြတာမဟုတ်ပါဘူး။ ကိုယ်ချစ်ခင်ရတိုင်းလည်း တစ်ဖက်ကလူတွေရဲ့ ချစ်ခင်အသိ အမှတ်ပြုမှုကို ပြန်ပိုင်ဆိုင်ခွင့်ရချင်မှ ရတာပါ။ အထူးသဖြင့် ကိုယ်အလေးအနက်ထားမိသူတွေဆီက လျစ်လျူရှု မှုတွေ၊ ဂရုမစိုက်မှုတွေ ခံယူရတဲ့အခါ နာကျင်ခံစားရပါတယ်။

ဒါဟာ လောကသဘာဝပါပဲ။

ချစ်ခင်တာမှာ အကြောင်းပြချက်မရှိပါဘူး။ မချစ်ခင်မတွယ်တာခြင်းမှာလည်း အကြောင်းပြချက်မရှိပါ ဘူး။ တစ်ခါတလေကျတော့လည်း တချို့ချစ်ခင်မှုတွေက ပြောင်းလဲတတ်တာရှိပါသေးတယ်။ သတိရချင်တဲ့အခါ သတိရပြီး သူတို့မခင်မင်ချင်တဲ့အခါ စိမ်းကားသွားကြပါတယ်။ ဘဝမှာတော့ နာကျင်စရာအကောင်းဆုံး အချိန် တွေပါပဲ။ ဒါပေမဲ့လည်း ဒါက လူတိုင်းလွန်ဆန်မရတဲ့ သဘာဝပဲဖြစ်ပါတယ်။ အချိန်တွေကလည်း အမြဲတမ်း ပြောင်းလဲနေပါတယ်။ အခြေအနေတွေကလည်း အမြဲတမ်းပြောင်းလဲနေပါတယ်။ လူတွေကလည်း အမြဲတမ်း ပြောင်းလဲနေပါတယ်။ ဒါကို လက်မခံချင်လို့မရပါဘူး။ ကိုယ်မပိုင်တဲ့သူတွေကို မပြောင်းလဲဖို့ တားမြစ်လို့လည်း မရပါဘူး။ ကိုယ်ပိုင်ဆိုင်တဲ့ကိုယ့်ကိုယ်ကိုယ်သာ ကိုယ့်အတွက် တည်မြဲတဲ့ချစ်ခြင်းတွေ တည်ဆောက်ထား တတ်ဖို့ ကြိုးစားရမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ်ချစ်တတ်လာရင် တခြားသူတွေမချစ်လို့လည်း ဝမ်းနည်းမနေတော့ပါဘူး။ ဥပေက္ခာ ပြုခံရလို့လည်း ကြေကွဲမနေတော့ပါဘူး။ ချန်ထားရစ်ခံရလို့လည်း နာကျင်မနေတော့ပါဘူး။ တစ်ယောက်တည်း ဆိုပြီးတော့လည်း အားငယ်မနေတော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်းနဲ့ တစ်ယောက်တည်းလည်း ပျော်အောင် နေတတ်သွားမှာပါ။
သင်ကော သင့်ကိုယ်သင်ချစ်တတ်ပြီလား။