ဗိုက်ဆာတဲ့အခါတိုင်း ကတုန်ကရင်ဖြစ်သွားတတ်တဲ့သူတွေဖတ်ဖို့

blank

စာချစ်သူတို့ရေ….

လူတစ်ယောက် ဗိုက်ဆာတဲ့အခါ  ခန္ဓာကိုယ်က စွမ်းအင်တွေချွေတာဖို့လုပ်မယ်၊ အစာအသစ်တွေအလိုရှိနေတယ်ဆိုတဲ့ လက္ခဏာတွေ ပြသတတ်ပါတယ်။ မောပန်းတာ၊ ဗိုက်အောင့်တာ၊ ဗိုက်ထဲက တဂွီဂွီမြည်တာနဲ့ ကတုန်ကရင်ဖြစ်တာတွေပေါ့။

တချို့လူတွေဟာ ဗိုက်ဆာတဲ့ဒဏ်ကို ခံနိုင်ရည်မရှိလောက်အောင် ကတုန်ကရင်ဖြစ်တတ်ပါတယ်။  အဲ့ဒီလိုဖြစ်ရခြင်းကို လေ့လာကြည့်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ သကြားဓာတ်မညီမျှမှုကြောင့် ဖြစ်တာလို့ သိရပါတယ်။ ခန္ဓာကိုယ်မှာ သကြားဓာတ်အလွန်အမင်းကျသွားတဲ့အခါ သကြားဓာတ်ကို ပုံမှန်ပြန်ဖြစ်အောင် ဆွဲတင်နေရတာကြောင့် တုန်ရီမောပန်းတာတွေဖြစ်တတ်ကြတာပါတဲ့။ ဖျားနာနေတဲ့အချိန်၊ စိတ်ဖိစီးမှုများနေတဲ့အချိန်နဲ့ မောပန်းနေတဲ့အချိန်မှာ တုန်ယင်တာတွေက ပိုဆိုးတတ်ပါတယ်။ တစ်ခါတလေမှာ သောက်သုံးနေတဲ့ဆေးဝါးတွေကြောင့်လည်း ကတုန်ကရင်ဖြစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဗိုက်အဆာလွန်ပြီး ကတုန်ကယင်ဖြစ်တာမျိုး မကြုံရအောင်…..။

ခန္ဓာကိုယ်ရဲ့ သကြားဓာတ်ကို ညီမျှအောင်ထိန်းပါ။

ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။

အိပ်ရေးဝဝအိပ်စက်ပါ။

စိတ်ဖိစီးမှုတွေကို လျှော့ချပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အစာကို နည်းနည်းနဲ့မကြာမကြာစားပေးပါ။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ပါ။

သင်ကော….။

ဗိုက်ဆာတဲ့အခါမှာ ခြေတွေလက်တွေတုန်ပြီး ဘာမှလုပ်လို့မရတော့လောက်အောင် အားအင်ကုန်ဆုံးသွားတတ်သလား။ သင့်အတွက် အသုံးဝင်တဲ့ ဒီဗဟုသုတလေးကို ချစ်ခင်ရသူတွေအတွက်လည်း ဝေမျှပေးလိုက်ပါဦးနော်။