ဒီနှစ်သစ်မှာ အဖိုးထိုက်တန်တဲ့ စိန်တွေကို ရှာဖွေရအောင်

blank

တစ်ခါက အိန္ဒိယနိုင်ငံတောင်ပိုင်းကရွာတစ်ရွာမှာ ဘဝကိုကျေနပ်စွာနေထိုင်နေတဲ့ အလ် ဟဖတ် (Al Hafed) လို့ ခေါ်တဲ့ သူဠေးတစ်ယောက်နေထိုင်ပါတယ်။ တစ်နေ့မှာတော့ ကမ္ဘာပေါ်မှာ စိန်ဆိုတဲ့ အဖိုးတန် ကျောက်မျက်ရတနာတစ်မျိုးရှိတယ်ဆိုတာကို သူတော်စင်တစ်ပါးကနေတဆင့် ကြားသိခဲ့ပါတယ်။ သူဟာ အဲ့ဒီစိန်တွေကို ရှာဖွေဖို့အတွက် သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံး ရောင်းချပြီး ကမ္ဘာအနှံ့ကို ခြေဆန့်လာခဲ့တယ်။ စိန်တွေရှာရင်းဖွေရင်းနဲ့ပဲ သူပိုင်ဆိုင်တဲ့ ငွေတွေလည်း ကုန်သွားပြီး စားရမဲ့သောက်ရမဲ့ဘဝနဲ့ သေဆုံးသွားခဲ့တယ်။

မကြာခင်မှာပဲ သူ့ပိုင်ဆိုင်မှုတွေကိုဝယ်လိုက်တဲ့လူက သူ့ရဲ့ ကုလားအုတ်ကို လယ်ကွင်းနားက စမ်းချောင်းလေးဆီမှာ ရေတိုက်ဖို့ ခေါ်သွားသတဲ့။ ကုလားအုတ်ရေသောက်နေတာကို ကြည့်နေရင်းမှာပဲ ရေထဲမှာတောက်ပနေတဲ့ ကျောက်တုံးတစ်တုံးကို တွေ့သတဲ့။ သူက အတွင်းထဲကနေ အရောင်တွေဖြာထွက်နေတဲ့ ကျောက်တုံးလေးကို အိမ်ယူသွားပြီး မီးဖိုပေါ်က စင်လေးပေါ်မှာ အလှတင်ထားလိုက်သတဲ့။ တစ်နေ့မှာတော့ စိန်အကြောင်းကိုပြောပြခဲ့တဲ့ သူတော်စင်က မီးဖိုပေါ်မှာတင်ထားတဲ့ ကျောက်တုံးကိုတွေ့သွားတော့တယ်။ စိန်ကောင်းကျောက်ကောင်းကို ကြည့်တတ်တဲ့သူက သိတယ်ဆိုတဲ့အတိုင်း သူတော်စင်က ကျောက်တုံးက စိန်ရိုင်းတစ်တုံးတစ်တုံးဆိုတာကို သိလိုက်တာပေါ့။ အဲ့ဒီလိုနဲ့ပဲ ကမ္ဘာ့ပေါ်မှာ ထင်ရှားကျော်ကြားခဲ့တဲ့ Golconda စိန်တွင်းကြီးကို တွေ့ရှိခဲ့တာပေါ့။

တစ်ခါတလေမှာ ကျွန်မတို့ဘဝရဲ့ အခွင့်အရေးတွေက ကျွန်မတို့နဲ့ အနီးစပ်ဆုံးနေရာမှာ ရှိနေပေမယ့် ကျွန်မတို့က အဝေးကြီးတွေမှာ လိုက်ရှာနေတတ်ကြတယ်။ ပတ်ဝန်းကျင်ကို သေချာမလေ့လာမိတဲ့အခါ စိန်တွင်းကြီးရှိနေတာကို မသိတဲ့ သူဠေးကြီးလိုပေါ့။ အဲ့ဒီလိုပဲ အခက်အခဲတွေ ကြုံတွေ့ရတဲ့အခါ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ၊ အကြံဉာဏ်တွေကို အခြားလူတွေဆီက တောင်းခံနေတတ်ကြတယ်။ အားငယ်တဲ့အခါ အားပေးမယ့်သူကို မျှော်ကိုးနေတတ်ကြတယ်။ တကယ်တော့ စိန်ပွင့်လေးတွေဖြစ်လာဖို့ ဖိအားတွေလိုသလို လူတစ်ယောက်အောင်မြင်ဖို့ အခက်အခဲတွေလိုအပ်ပါတယ်။ အဲ့ဒီအခက်အခဲတွေကို ရင်ဆိုင်နိုင်မယ့် နည်းလမ်းတွေကိုလည်း ကမ္ဘာပေါ်မှာအနှံ့မှာ လိုက်ရှာနေစရာမလိုပါဘူး။ သင့်ရဲ့စိတ်တွင်းမှာပဲ ရှိနေပါတယ်။

တစ်ခါတလေမှာ ကြောက်ရွံ့ခြင်းတွေ၊ သံသယစိတ်တွေက သင့်ကိုတားဆီးနေလိမ့်မယ်၊ အနောက်ကိုပြန်ဆွဲနေလိမ့်မယ်။ အဲ့ဒီအခါမျိုးမှာ ခြေလှမ်းတွေကို ခဏလောက်ရပ်ပြီး သင့်ကိုယ်သင်ပြန်သုံးသပ်ပါ။ စိတ်ဓာတ်ခွန်အားတွေကို မွေးမြူပါ။ သင့်စိတ်တွင်းမှာ ရှိနေတဲ့ ခွန်အားတွေကို အသုံးချပါ။

ဒီနှစ်သစ်မှာလေ… ပြင်ပကမ္ဘာက အဖိုးတန်အရာတွေကို လိုက်ရှာမနေပါနဲ့။ သင့်နဲ့တစ်သက်တာလုံး အတူတူရှိနေမယ့် စိန်လိုအဖိုးတန်တဲ့ စိတ်ဓာတ်ခွန်အားနဲ့ ဘဝအလှတွေကို ရှာဖွေပါ။ အရာရာတိုင်းကို အကောင်းဆုံးရင်ဆိုင်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြုဖို့ဆိုရင်တော့ တော်ဝင်စိန်တိုက်က စိန်ထည်တွေကိုပဲ သတိရပါနော်။
စာချစ်သူများအားလုံး အခက်အခဲတွေကို စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ရင်ဆိုင်နိုင်တဲ့ နှစ်တစ်နှစ်ဖြစ်ပါစေ။

စာချစ်သူတို့အတွက် စိတ်ဓာတ်ခွန်အားဖြည့်စာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ တော်ဝင်စိန်တိုက်တို့မှ ပူးပေါင်းစီစဉ်တင်ဆက်သည်။