ဘွဲ့ယူတော့မယ့် စာချစ်သူတို့အတွက် သိမှတ်ဖွယ်ရာများ

blank

၁။ ယာဉ်ဝင်ခွင့်ကတ်ပြားတွေ၊ ဘွဲ့နှင်းသဘင်ဝင်ခွင့်ကတ်ပြားတွေ၊ ထိုင်ခုံနံပါတ်တွေကို ကိုင်မယ့်အိတ်ထဲမှာ တစ်စုတစ်စည်းတည်း သိမ်းထားပါ။

၂။  လှပဖို့ထက် သက်သာသက်သာရှိပြီး ယုံကြည်မှုရှိစေတဲ့  အဝတ်အစားတွေကို ဝတ်ဆင်ပါ။

၃။ မိတ်ကပ်လိမ်းဖို့ ဆိုင်ရွေးချယ်တဲ့အခါ စီနီယာတွေဆီက သေချာမေးမြန်းစုံစမ်းပါ။ မိတ်ကပ်အလွန်အမင်းလိမ်းတာမျိုးကို ရှောင်ကြဉ်ပါ။

၎။ ဒေါက်ဖိနပ်အမြင့်ကြီးတွေ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ။ ဖိနပ်အသစ်တွေကို ဘွဲ့နှင်းသဘင်မရောက်ခင်ကတည်းက ခြေထောက်နဲ့ ကျင့်သားကျသွားအောင် လေ့ကျင့်ထားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၅။ ကိုယ်နှစ်သက်တဲ့ အစားအစာတစ်ခုခုကိုလည်း ကြိုတင်စီစဉ်ထားပါ။ အိပ်ရေးဝဝအိပ်ထားပါ။

၆။ ဘွဲ့နှင်းသဘင်ထဲမှာ ဖုန်းသုံးနေတာမျိုးရှောင်ကြဉ်ပါ။ ကိုယ့်ရဲ့အရေးကြီးတဲ့နေ့လေးကို အပြည့်အဝခံစားပါ။

၇။ စိတ်အေးအေးထားပါ။ စင်ပေါ်တက်တဲ့အခါ အလောတကြီး လျှောက်တာမျိုး၊ ဘွဲ့လက်မှတ်ကို ပါမောက္ခဆီက လုယူသလိုဖြစ်သွားတာမျိုးတွေကို ရှောင်ရှားပါ။

၈။ စတူဒီယိုမှာ ဓာတ်ပုံရိုက်ဖြစ်အောင်ရိုက်ပါ။

၉။ ဘွဲ့နှင်းသဘင်စတင်မယ့်အချိန်ထက် တစ်နာရီကြိုပြီး ရောက်နိုင်စေဖို့ ချိန်ကိုက်ပြီး ထွက်ပါ။ ဘွဲ့နှင်းသဘင်ကို လိုက်ပါမယ့်သူတွေအားလုံးကို အဆင်သင့်ပြင်ထားပါ။

အရေးကြီးဆုံးအချက်ကတော့ မျက်နှာကိုပြုံးပြုံးလေးထားဖို့ မမေ့ပါနဲ့နော်။

ဒီနှစ်မှာ ဘွဲ့ယူမယ့်သူငယ်ချင်းကို mention ခေါ်လိုက်ပါဦး။