ဘဝကိုရိုးရှင်းစွာနေကြည့်တဲ့အခါ…

blank

စာချစ်သူတို့ရေ….။

“အရိုးဆုံးက အဆန်းဆုံး”  ဆိုတဲ့စကားကို ငယ်ငယ်တုန်းက ကြားခဲ့လိုက်ရတဲ့အချိန်မှာ အဲ့ဒါကဖြစ်နိုင်မလားလို့ ကျွန်မအပြန်ပြန်တွေးနေမိခဲ့တယ်။ နှစ်တွေကြာလာတာနဲ့ အမျှ အဲ့ဒီရိုးစင်းတဲ့ စကားလေးရဲ့ အလှတရားကို ကျွန်မသေချာသိမြင်လာခဲ့တယ်။

ပေါ့ပေါ့ပါးပါး အဝတ်လေးတွေဝတ်ပြီး မျက်နှာပြောင်နဲ့အိမ်မှာ တစ်နေကုန်နေရတဲ့ အရသာ…

အိမ်မှာစိုက်ထားတဲ့ပန်းပင်လေးတွေကနေ ဘုရားတင်ဖို့ ပန်းလေးတွေကို ခူးရတဲ့အရသာ…

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ခြံထဲမှာ မနက်စာစားရင်း ကော်ဖီကို စိတ်ပြေနပြေသောက်ရတဲ့အရသာ…

အခင်ဆုံးသူငယ်ချင်းနဲ့ထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောတဲ့အရသာ…

အားလပ်ရက်မှာ မုန့်လေးတွေလုပ်ပြီး အိမ်နီးချင်းတွေကို ဝေမျှတဲ့အခါ ရလာတဲ့အရသာ…

သီချင်းအေးအေးလေးတွေကိုဖွင့်ပြီး စာဖတ်နေရတဲ့အရသာတွေဟာ ဘယ်ခေတ်မှာ မဆို ရိုးအီမသွားတဲ့ ဘဝရဲ့အရသာဆိုတာကို နားလည်လာခဲ့တယ်။