၂ဝ၁၉၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဒီဇင်ဘာလ  ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ)

blank

တနင်္လာသားသမီး

ကိုယ့်ကိုအနောက်ကို ဆွဲခေါ်နေတဲ့ အကျင့်ဆိုးတွေကို စွန့်လွှတ်ပြီးကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်နေမယ့် ကာလဖြစ်တယ်။ အများအကျိုးအတွက်ရည်ရွယ်ပြီးလုပ်လိုက်တဲ့အလုပ်ကနေ  အကျိုးကျေးဇူးများစွာရရှိမယ်။ နိုင်ငံခြားနဲ့ဖက်စပ်လုပ်ကိုင်တဲ့အလုပ်တွေ အဆင်ပြေမယ်။ ကြားလေသွေးမှုကြောင့် ချစ်သူနဲ့ ပဋိပက္ခ အနည်းငယ်ကြုံရမယ်။

ယတြာ ။     ။ ဘုရားရင်ပြင်သန့်ရှင်းရေးလုပ်ပါ။

အင်္ဂါသားသမီး

အလုပ်နဲ့ မိသားစုအကြား ဗျာများစရာလေးတွေ ကြုံရတတ်တယ်။ ကြန့်ကြာနေတဲ့ အလုပ်တွေကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်မယ်။ ပညာရေးကံကောင်းနေတဲ့ အချိန်ဖြစ်တယ်။  သူငယ်ချင်းတစ်ယောက်ရဲ့ အောင်သွယ်ပေးမှုကြောင့် ချစ်သူရကိန်းရှိတယ်။

ယတြာ ။     ။ ငါးလွှတ်ပါ။

ဗုဒ္ဓဟူးသားသမီး

အိပ်မက်တွေကို အမှန်တကယ်ဖြစ်အောင် အားပေးကူညီပေးမယ့် လူတစ်ယောက်နဲ့တွေ့ဆုံမယ်။  ကြန့်ကြာနေတဲ့ အလုပ်အကိုင်တွေကို အပြီးသတ်ဆောင်ရွက်နိုင်မယ်။ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်လည်ဆုံစည်းရကိန်း ရှိတယ်။

ယတြာ ။     ။ ဘုရားမှာ ရေချမ်းသက်စေ့လှူပါ။

ကြာသပတေးသားသမီး

အံ့သြစရာတွေ မယုံကြည်နိုင်လောက်အောင် တစ်ခုပြီးတစ်ခု ဆက်တိုက်ကြုံတွေ့နေရတဲ့ ကာလဖြစ်တယ်။ အကြီးအကဲတွေရဲ့ ချီးမြှောက်ခြင်းကို ခံရမယ်။ မလိုအပ်ဘဲ ငွေကုန်ကြေးကျများနေမယ်။ ချစ်သူနဲ့ အလုပ်အကြား ဗျာများနေသောကာလဖြစ်တယ်။

ယတြာ ။     ။ သံဃာတော်တွေအတွက် ဆေးဝါးပေးလှူပါ။

သောကြာသားသမီး

ကတောက်ကဆဖြစ်နေတဲ့ အချစ်ရေးကို ပြန်လည်ထိန်းညှိရင်း အချိန်တွေကုန်နေမယ်။ စိတ်ရှုပ်စရာတွေများနေသလောက် ငွေရွှင်နေမယ်။ ရောင်းမထွက်ဖြစ်နေတဲ့ အိမ်၊ ခြံ၊ မြေ ရောင်းထွက်မယ်။ မမျှော်လင့်ဘဲ နိုင်ငံရပ်ခြား ခရီးသွားရကိန်းရှိတယ်။ ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်။

ယတြာ ။     ။ ချို့တဲ့ကလေးတွေအတွက် စာရေးကိရိယာ လှူဒါန်းပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

စနေသားသမီး

ကိုယ့်ရဲ့ ပန်းတိုင်ကိုရောက်အောင်ကြိုးစားနိုင်မယ့် အချိန်ဖြစ်တယ်။ စိတ်ကူးနေတဲ့အလုပ်ကိစ္စတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ်။ အချစ်ရေးမှာ အရှုပ်အထွေးအနည်းငယ်ကြုံတွေ့ရမယ်။ ရာထူးတိုးကိန်းရှိတယ်။

ယတြာ ။     ။ ဘုရားရင်ပြင် သန့်ရှင်းရေးလုပ်ပါ။

တနင်္ဂနွေသားသမီး

အခြားလူတွေအပေါ် ယုံကြည်မှုလွန်ကဲမှုကြောင့် အလုပ်ခွင်အတွင်း အဆင်မပြေမှုများကြုံတွေ့ရတတ်တယ်။ ဝေဖန်ကဲ့ရဲ့မှုတွေကို ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ကျော်လွှားနိုင်မယ်။ စွန့်စားလိုက်တဲ့ အလုပ်တွေကနေ ရလဒ်ကောင်းတွေခံစားရမယ်။ ကိုယ့်အပေါ်နားလည်မှုအပြည့်ရှိတဲ့ ချစ်သူနဲ့ ဖူးစာဆုံကိန်းရှိတယ်။

ယတြာ ။     ။ မျက်မမြင်ကလေးတစ်ယောက်ကို ထမင်းကျွေးလိုက်ပါ။