ဝေခွဲမရဖြစ်နေတဲ့ကိစ္စတွေအားလုံးကို ဆုံးဖြတ်ချက်ချနိုင်လိမ့်မယ်။ လုပ်ငန်းခွင်မှာ အထက်လူကြီးတွေရဲ့ အထင်အမြင်လွဲမှားခြင်းခံရမယ်။ ငွေကြေးပျောက်ရှကိန်းရှိတယ်။ မတော်တဆမှုတစ်ခုကြောင့် ဦးခေါင်းပိုင်းထိခိုက်လိမ့်မယ်။ အချစ်ရေးမှာတော့ အနည်းငယ်သွေးအေးနေလိမ့်မယ်။
ယတြာ။ ။ ဘုန်းကြီးတစ်ပါးကို သင်္ကန်းကပ်လှူပါ။
အင်္ဂါသားသမီး
ကိုယ် အနှစ်နှစ်အလလ ချစ်မြတ်နိုးခဲ့ရတဲ့သူဆီက မေတ္တာတုံ့ပြန်မှုကို ရရှိလိမ့်မယ်။ ဒီတစ်ပတ်အတွင်းမှာ ငွေကြေးချေးငှားမှုတွေ လုံးဝမပြုလုပ်ပါနဲ့။ ကျန်းမာရေးအထူးကောင်းမွန်နေမယ်။ လုပ်ငန်းခွင်မှာ ကိုယ်ယုံကြည်စိတ်ချထားသူက ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးတာမျိုး ကြုံတွေ့ရလိမ့်မယ်။ ပညာရေးမှာ နှောင့်နှေးကြန့်ကြာမှု အနည်းငယ်ရှိမယ်။
ယတြာ။ ။ ဘုရားမှာ ကြာပန်းကပ်လှူပါ။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
ဗုဒ္ဓဟူးသားသမီး
ရပ်ဝေးမှ ဆွေမျိုးတစ်ယောက် အလည်ရောက်လာလိမ့်မယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး အလောတကြီး ဆုံးဖြတ်ချက်တွေမပြုလုပ်ပါနဲ့။ ခရီးဝေးသွားရကိန်းရှိတယ်။ မီးကို အထူးဂရုစိုက်ပါ။ အချစ်ရေးမှာတော့ အဆင်ပြေနေမှာပါ။
ယတြာ။ ။ မွေးနေ့မှာ သက်သတ်လွတ်စားပါ။
ကြာသပတေးသားသမီး
စိတ်ထိခိုက်စရာသတင်းတစ်ခုကြားရမယ်။ မောင်နှမသားချင်းတွေကြား အချင်းပွားရကိန်းရှိတယ်။ ငွေရေးကြေးရေးမှာတော့ စိတ်ပူစရာလုံးဝမလိုတဲ့ကာလဖြစ်တယ်။ လုပ်ငန်းခွင်မှာ ကိုယ့်ကို လက်တွဲခေါ်နိုင်မယ့်သူနဲ့ ကြုံဆုံရလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူနဲ့ ကတောက်ကဆဖြစ်လိမ့်မယ်။
ယတြာ။ ။ ဘုန်းကြီးကျောင်းမှာ အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းပါ။
သောကြာသားသမီး
နိုင်ငံရပ်ခြားကို အလုပ်အကိုင်နဲ့ အလည်အပတ်သွားရကိန်းရှိတယ်။ အစားအသောက်မဆင်ခြင်မှုကြောင့် ဝမ်းဗိုက်ပြဿနာကြုံတွေ့ရမယ်။ ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေ ပြန်ရမယ်။ LDRS တွေအဖို့ ချစ်သူနဲ့ အမြန်ဆုံးနီးစပ်နိုင်မယ်။ မျှော်လင့်မထားသူဆီမှ ပညာရေးနဲ့ပတ်သက်တဲ့ အထောက်အပံ့တွေရလိမ့်မယ်။
ယတြာ။ ။ အဘိုးအိုတစ်ယောက်ကို သိုးမွေးဦးထုပ် ဝယ်ပေးပါ။
စနေသားသမီး
မိတ်ဆွေတု၊ မိတ်ဆွေစစ်ခွဲခြားနိုင်မယ့်ကာလဖြစ်တယ်။ ချစ်သူရဲ့ သစ္စာဖောက်ခြင်းကို ခံရမယ်။ မရည်ရွယ်ဘဲ ပြောမိတဲ့စကားတစ်ခွန်းကြောင့် အပေါင်းအသင်းတွေကြား ပြဿနာတက်မယ်။ ငွေကြေးအလိမ်ခံရကိန်းရှိတယ်။ လုပ်ငန်းခွင်မှာတော့ လုပ်သမျှ အဆင်ပြေနေလိမ့်မယ်။
ယတြာ။ ။ ညအိပ်ရာမဝင်ခင်မှာ မေတ္တာသုတ်ရွတ်ဖတ်ပူဇော်ပါ။
တနင်္ဂနွေသားသမီး
ကျန်းမာရေးညံ့နေတဲ့ကာလဖြစ်တယ်။ အစားအသောက်၊ အနေအထိုင်အထူးဂရုစိုက်ပါ။ ဒီအပတ်ဟာ ချစ်သူရည်းစားတွေအဖို့ လက်ထပ်ရန်အချိန်ကောင်းဖြစ်တယ်။ ငွေကြေးအရှုပ်အထွေးအနည်းငယ်ရှိမယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ အချစ်ရေးကိစ္စမှာ ဓားခုတ်ရာ လက်ဝင်လျှိုသလို ဖြစ်လိမ့်မယ်။
ယတြာ။ ။ ၁ အစ ၈ အဆုံး ထီထိုးပါ။
ကံဇာတာအပြောင်းအလဲလေးတွေကို သိရှိရဖို့ ဂန္ထဝင်ဗေဒင်လေးကို မျှဝေပေးသွားပါဦးနော်။