တနလာၤသားသမီး
အငြင်းပွားနေရတာတွေအားလုံး ရပ်တန့်သွားမယ့်ကာလဖြစ်တယ်။ စိတ်ချမ်းမြေ့မှုတွေပဲ ကြုံတွေ့ရမယ်။ စီးပွားရေးကောင်းမွန်နေမယ်။ ကျန်းမာရေးမှာတော့ အနည်းငယ် ညံ့နေမယ်။ လူပျိုကြီး၊ အပျိုကြီးတွေအဖို့ ဈာန်လျှောကိန်းရှိတယ်။
ယတြာ။ ။ ၁ အစ ၇ အဆုံး ထီတစ်စောင်ထိုးပါ။
အဂါၤသားသမီး
ပျင်းရိနေမှုကြောင့် အခွင့်အလမ်းကောင်းတွေကို လက်လွှတ်ရကိန်းရှိပါတယ်။ အလုပ်မှာ အထက်လူကြီးတွေရဲ့ အထင်လွဲမှားမှုခံရမယ်။ ရေလမ်းခရီးသွားခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ကိုယ့်ကို သဘောကျနေလိမ့်မယ်လို့ အိပ်မက်တောင်မမက်ဖူးခဲ့တဲ့သူတစ်ယောက်ရဲ့ ချစ်ရေးဆိုတာကို ခံရလိမ့်မယ်။
ယတြာ။ ။ မနက်စောစောထပြီး ဘုရားဝတ်တက်ပါ။
ဗုဒ္ဒဟူးသားသမီး
ကိုယ့်စိတ်ကူးအိပ်မက်တွေကို လက်တွေ့အဖြစ် အသွင်ပြောင်းလိုက်နိုင်မယ့်ကာလပါ။ နိုင်ငံခြားကို ပညာတော်သင်ထွက်ရကိန်းရှိတယ်။ ကွဲကွာနေတဲ့ ဆွေမျိုးသားချင်းတွေနဲ့ ပြန်လည်တွေ့ရမယ်။ လက်လွန်နေတဲ့ ငွေကြေးတွေ ပြန်လည်ရရှိမယ်။ Single လေးတွေအဖို့ နဖူးစာ ရွာလည်တဲ့ အချစ်လေးတစ်ခု တွေ့ရှိရမယ်။
ယတြာ။ ။ လပြည့်ညမှာ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပါ။
ကြာသပတေးသားသမီး
မျှော်လင့်မထားတဲ့ သတင်းတစ်ခုကြားရမယ်။ အလုပ်အကိုင်ရွှေ့ပြောင်းရကိန်းရှိတယ်။ ပျောက်ဆုံးနေတဲ့ပစ္စည်းတွေ ပြန်လည်တွေ့မယ်။ ငွေရေးကြေးရေးမှာ လူလိမ်ခံရမယ်။ ချစ်သူရည်းစားတွေအဖို့ လက်ထပ်ပေါင်းဖက်ရမယ်။ ဦးခေါင်းပိုင်းကို အထူးဂရုစိုက်ပါ။
ယတြာ။ ။ ကလေးတွေကို မုန့်လိုက်ကျွေးပါ။
သောကြာသားသမီး
အပေါင်းအသင်းကိစ္စကြောင့် ချစ်သူနဲ့ အကြီးအကျယ်စကားများရန်ဖြစ်ရကိန်းရှိတယ်။ မိသားစုလိုက် နိုင်ငံခြားအပန်းဖြေခရီးထွက်ရမယ်။ ရာထူးတိုးကိန်းရှိတယ်။ ပညာရေးအထူးကောင်းမွန်တဲ့ ကာလဖြစ်တယ်။ ငွေကြေးမှာ အနည်းငယ် ကြပ်တည်းနေလိမ့်မယ်။
ယတြာ။ ။ အဘိုးအိုတစ်ယောက်ကို တောင်ဝှေးလှူပါ။
စနေသားသမီး
လုပ်ငန်းခွင်မှာ အလုပ်မတွင်သလို ဖြစ်နေမယ်။ အအိပ်အစားမမှန်ခြင်းကြောင့် အစာအိမ်နာမယ်။ အယုံကြည်ရဆုံးသူရဲ့ သစ္စာဖောက်ခြင်းကို ခံရမယ်။ single လေးတွေ စန်းပွင့်နေမယ်။ မိသားစုအကြီးအကဲတစ်ယောက် ကျန်းမာရေး အနည်းငယ်ညံ့နေမယ်။
ယတြာ။ ။ ဘုရားကို နို့ဆွမ်းကပ်လှူပါ။
တနင်္ဂနွေသားသမီး
ထီပေါက်ကိန်းရှိတယ်။ အစားအသောက်မဆင်ခြင်ခြင်းကြောင့် ဗိုက်မကောင်းဖြစ်လိမ့်မယ်။ ရည်းစားဟောင်းနဲ့ ပြန်လည်ပတ်သက်ရကိန်းရှိတယ်။ ရည်းစားမရှိသူတွေအဖို့ ချစ်သူခင်သူတွေ ဝိုင်းဝိုင်းလည်နေမယ့် ကာလဖြစ်တယ်။ နိုင်ငံခြားမှ အလုပ်အကိုင်အခွင့်အလမ်းပေါ်ပေါက်မယ်။
ယတြာ။ ။ ဘုရားမှာ ခိုစာကျွေးပါ။