ဂန္ထဝင်ပရိသတ်ကြီးအတွက် သီတင်းကျွတ်ဆုမွန်ကောင်း

blank

ပရိသတ်ကြီးရေ…

ဒီနေ့ဟာ မြန်မာပြည်သူပြည်သားများ ရဲ့ အထွတ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားဟာ သာဝတိံသာနတ်ပြည်မှာရှိတဲ့ မယ်တော်မိနတ်သားကို မွေးကျေးဇူးဆပ်တဲ့အနေနဲ့ အဘိဓမ္မာတရားဟောကြားတော်မူပြီး လူ့ပြည်ကိုပြန်လာတဲ့အခါ လူ၊ နတ်၊ ဗြဟ္မာတို့က ဘုရားရှင်ကို ဆီးမီးတွေနဲ့ လှူဒါန်းပူဇော်ပြီး ကြိုဆိုခဲ့ကြတဲ့နေ့၊
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မြန်မာပြည်အရပ်ရပ်က ဘုရားကျောင်းကန်တွေမှာ ပန်း၊ နံ့သာ၊ ဆီမီးတွေနဲ့ ဘုရားရှင်ကို ရည်မှန်းပြီး လှူဒါန်းပူဇော်လေ့ရှိကြတဲ့နေ့

မြန်မာပြည်အနှံ့အပြားမှာ အလင်းရောင်တွေတောက်ပနေပြီး လူကြီးသူမတွေကို ကန်တော့ကြ၊ ငယ်ရွယ်သူတွေကို မုန့်ဖိုးတွေပေးကြနဲ့ ချစ်ခြင်းမေတ္တာတွေပျံ့နှံ့နေတဲ့ကာလတစ်ခုဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ဂန္ထဝင်ပရိသတ်ကြီး ကျန်းမာလန်းဖြာကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။