မင်္ဂလာဆောင်မှာ လူမကျန်အောင် ဘယ်လိုဖိတ်မလဲ။

blank

လက်ထပ်မင်္ဂလာပွဲပြုလုပ်တဲ့အခါမှာ ကိုယ့်မင်္ဂလာပွဲကို ကိုယ် တက်ရောက်စေချင်တဲ့သူ တစ်ယောက်မကျန်အောင် ဖိတ်ကြားနိုင်ဖို့ စာရင်းလုပ်ရတယ်ဆိုတာ မဖြစ်မနေလုပ်ရတဲ့အရာတစ်ခုပါ။ ဘယ်သူတွေကို ဖိတ်ရမလဲစဉ်းစားရခြင်းဟာ မခက်ဘူးဆိုပေမယ့် လွယ်တဲ့အရာတော့လည်း မဟုတ်ပြန်ပါဘူး။ အဓိကကျတာကတော့ ကိုယ့်မင်္ဂလာပွဲမှာ ကိုယ်ရှိနေစေချင်တဲ့သူတွေအားလုံး ရှိနေဖို့ပါပဲ။ ဒါကြောင့် “မနက်ဖြန်မင်္ဂလာဆောင်တော့မယ်ဆိုရင် ဘယ်သူတွေကို တက်ရောက်စေချင်လဲ”လို့ ချစ်သူနဲ့ အတူစဉ်းစားကြည့်ပါ။ ကျွန်မတို့ ဂန္ထဝင်မဂ္ဂဇင်းကနေပြီးတော့ မင်္ဂလာဆောင်မှာ လူမကျန်အောင် ဘယ်လိုဖိတ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

ပထမဆုံးအနေနဲ့ အစဉ်လိုက်ဦးစားပေးစာရင်းလေးတွေကို ချရေးပါ။ ပထမဦးစားပေးစာရင်းမှာတော့ ကိုယ်မဖြစ်မနေကို ဖိတ်ကြားရမယ့်သူတွေပေါ့။ ဥပမာ…

၁။ နှစ်ဖက်မိဘ

၂။ မောင်နှမသားချင်း

၃။ အရင်းနှီးဆုံးသူငယ်ချင်း

ဒုတိယဦးစားပေးစာရင်းမှာတော့ ကိုယ့်မင်္ဂလာပွဲကို တက်ရောက်ပေးစေချင်မိတဲ့လူစာရင်းတွေ ချရေးပါ။ ဥပမာ…

၎။ အဘိုးအဘွား

၅။ တူ၊ တူမ

၆။ ကိုယ်အရင်းနှီးဆုံး ဦးလေး၊ အဒေါ်

၇။ အရင်းနှီးဆုံး မိတ်ဆွေ

တတိယဦးစားပေးစာရင်းကိုတော့ ကိုယ့်ဘက်ဂျက်အခြေအနေပေါ်မူတည်ပြီး ဖိတ်ကြားချင်တဲ့ ဧည့်သည်တွေကို ချရေးပါ။ ဒီနေရာမှာတော့ စတင်ခက်ခဲလာပါပြီ။ မင်္ဂလာပွဲတစ်ခုမှာ မဖိတ်ကြားရင် မျက်နှာနာရမယ့် ဧည့်သည်စာရင်းလည်း ရှိသေးတာမို့ အခုပြောပြမယ့်စာရင်းထဲမှာတော့ ချန်ထားလို့ ရတဲ့သူတွေကို ချန်ထားခဲ့လိုက်ပါ။ ဥပမာ…

၈။ ဦးလေး၊ အဒေါ်တွေအားလုံး

၉။ မောင်နှမဝမ်းကွဲတွေအားလုံး

၁ဝ။ ကိုယ့်သူငယ်ချင်းတွေရဲ့ ရည်းစားတွေ

၁၁။ ခရီးသွားဖော်သွားဖက်တွေ

၁၂။ မတွေ့တာနှစ်နဲ့ ချီနေပြီဖြစ်တဲ့ သူငယ်ချင်းဟောင်းတွေ

၁၃။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

စတုတ္ထဦးစားပေးစာရင်းမှာတော့ မဖိတ်ကြားရင် မျက်နှာနာရမယ့်လူတွေကို ချရေးပါ။ ဒီနေရာမှာတော့ ဖိတ်ကြားရမယ့်ဧည့်သည်စာရင်းဟာ ဒီမင်္ဂလာပွဲကို ဘယ်သူပြုလုပ်ပေးသလဲဆိုတာပေါ်မှာ မူတည်ပါတယ်။ မိဘတွေ ကျင်းပပေးတာဆိုရင်တော့ မိဘတွေကို ဘယ်သူတွေ ဖိတ်ကြားချင်သလဲမေးမြန်းကြည့်ပါ။ ဥပမာ…

၁၄။ အိမ်နီးနားချင်းတွေ

၁၅။ မိဘတွေရဲ့ အသိမိတ်ဆွေတွေ

၁၆။ သူတို့မင်္ဂလာဆောင်တုန်းက ကိုယ့်ကို ဖိတ်ကြားခဲ့တဲ့သူတွေ

၁၇။ လုပ်ဖော်ကိုင်ဖက်အားလုံး

ကိုယ်တက်ရောက်ရမယ်လို့ ထင်ထားတဲ့ မင်္ဂလာပွဲတစ်ခုကို အဖိတ်ကြားမခံရတာမျိုး ကြုံခဲ့ဖူးလား။ အဖိတ်မခံရလို့ စိတ်ဆိုးမိတယ်ဆိုရင်တောင် အကြာကြီးတော့ စိတ်မဆိုးခဲ့ဘူးမလား။ လူတိုင်းကတော့ ကိုယ့်ဘဝရဲ့ အမှတ်တရလေးကို သူတို့နဲ့ ဝေမျှစေချင်ကြမှာပဲလေ။ ဒါပေမဲ့ လူတွေဟာ ကိုယ်ထင်ထားတာထက်ပိုပြီးနားလည်ပေးနိုင်ကြတယ်ဆိုတာလည်း မမေ့လိုက်ပါနဲ့နော်။

စာချစ်သူတို့ကော မင်္ဂလာဆောင်မှာ လူမကျန်အောင် ဘယ်လိုဖိတ်ကြားဖြစ်လဲ…