ငွေကြေးအတွက် စိတ်အေးအေးနဲ့ အချစ်ခရီးလမ်းကို စတင်နိုင်ဖို့အတွက် နည်းလမ်းကောင်းလေးများ

blank

          Relationship တစ်ခုကို တည်ဆောက်လိုက်ပြီဆိုတာနဲ့ ငွေကြေးကိစ္စတွေပါ မပါမဖြစ်ထည့်တွက်ရပါတော့မယ်။ အဲ့ဒီအခါ ကြုံတွေ့လာရမယ့် ငွေကြေးအရှုပ်အထွေးတွေအတွက် ကျော်လွှားနိုင်မယ့်နည်းလမ်းလေးတွေကို ဂန္ထဝင်က ဖော်ပြပေးလိုက်ပါတယ်။

၁။ ငွေကြေးနဲ့ပတ်သက်ပြီး သတ်မှတ်ချက်တွေထားပါ။ လွတ်လပ်ပွင့်လင်းမှုရှိပါ။

၂။ တစ်ယောက်နဲ့တစ်ယောက်ဟာ အတွဲညီတဲ့လက်တွဲဖော်တွေဖြစ်အောင် ဖန်တီးပါ။

၃။ သင့်ငွေကြေးအခြေအနေနဲ့ပတ်သက်ပြီး လက်တွဲဖော်ကို ပြောပြပါ။

၎။ ငွေကို ခွဲဝေစိစစ်ပါ။ ခွဲဝေစိစစ်ရာမှာ နည်းလမ်းလေးခုရှိပါတယ်။

  • ဘဏ်အကောင့်တွေထဲမှာ ခွဲဝေပြီး စုထည့်ထားပါ။
  • နှစ်ဦးလုံးစာအတွက် သုံးမယ့်ငွေကို စီမံပြီး ခွဲဝေထားပါ။
  • ဝင်ငွေပိုများသူက ကျန်တစ်ယောက်ရဲ့အသုံးစရိတ်အတွက်ပါ တာဝန်ယူပါ။
  • တချို့ကိစ္စတွေအတွက် နှစ်ဦးလုံးမျှဝေသုံးစွဲပါ။ ဒါပေမဲ့ တချို့ကိုတော့ သင့်ဘာသာသုံးစွဲပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သင့်ဝင်ငွေအားလုံးကို ကဏ္ဍအသီးသီးအတွက် ခွဲဝေထားပါ။ အဲ့ဒီအတွက်…

  • ဘယ်နေရာမှာ ဘယ်လိုတွေသုံးစွဲမယ်ဆိုတာ ပုံမှန်အစီအစဉ်ဆွဲပါ။ ဆွေးနွေးပါ။
  • သုံးစွဲဖို့ငွေကို ဘယ်လိုခွဲဝေကြမယ်ဆိုတာ ဆုံးဖြတ်ပါ။
  • ငွေသုံးစွဲဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ သင့်လက်တွဲဖော်အတွက်ပါ ထည့်စဉ်းစားပါ။

၆။ နှစ်ဦးလုံးငွေစုထည့်ထားတဲ့ ဘဏ်အကောင့်ထဲကနေ အသုံးစရိတ်အားလုံးအတွက် သုံးစွဲပါ။ အဲ့ဒီအတွက်……

  • နေ့စဉ်ပုံမှန်သုံးစွဲမယ့်အသုံးစရိတ်တွေကို သေချာတွက်ချက်ထားပါ။
  • တစ်ခါတလေ ဈေးကြီးတာတွေသုံးစွဲလိုက်တဲ့အခါ သင့်ငွေယိုပေါက်တွေအတွက် တစ်ယောက်နဲ့တစ်ယောက် သဘောတူညီမှုယူထားပါ။

၇။ ဝင်ငွေပိုများတဲ့သူက လက်တွဲဖော်အတွက်ပါ ထည့်တွက်ပေးပါ။ အဲ့ဒီအတွက်…….

  • ဝင်ငွေပိုများသူက ကျန်တစ်ယောက်အတွက်ပါ အသုံးစရိတ်တွေ ပေးနေရတာကို တာဝန်တစ်ခုအဖြစ်မခံယူဘဲ ကျန်တစ်ယောက်ကလည်း အိမ်မှုကိစ္စနဲ့ ကလေးတွေကိုကြည့်ရှုစောင့်ရှောက်မှုအတွက်ပါလို့ ခံယူပါ။
  • လက်တွဲဖော်နှစ်ဦးလုံးသဘောတူထားတဲ့ အသုံးစရိတ်အားလုံးအကြောင်း ဆွေးနွေးပါ။ အပတ်စဉ်၊ လစဉ်အသုံးစရိတ်ကို လုံလောက်တဲ့ပမာဏဖြစ်အောင် တွက်ချက်ပါ။

ဒီငွေကြေးစီမံနည်းလေးတွေကို လက်တွေ့အကောင်ထည်ဖော်ဖို့ သက်ဆိုင်သူလေးကို mention ခေါ်ပြလိုက်တော့နော်။