အချစ်စစ်ကို တွေ့လာတဲ့တစ်နေ့မှာ…။

  • တကူးတက ဖန်တီးစရာမလိုဘဲ တစ်ယောက်ကိုတစ်ယောက်ဆွဲဆောင်နိုင်တယ်ဆိုတာကို သိလာလိမ့်မယ်။
  • တောင်းဆိုစရာမလိုဘဲ အပြန်အလှန်လေးစားမှုတွေ ရှိနေတာကို တွေ့လာလိမ့်မယ်။
  • အားနည်းချက်သေးသေးလေးတွေ၊ ရူးသွပ်မှုတွေကို အရှိအတိုင်းပဲ လက်ခံပေးမိလိမ့်မယ်။
  • ကိုယ်ကျိုးကိုမငဲ့ဘဲ ချစ်သူရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေမိလိမ့်မယ်။
  • သစ္စာတရားအခြေတည်တဲ့ ယုံကြည်ခြင်းတွေ ရှိနေလိမ့်မယ်။
  • ချစ်ခြင်းက အရာရာကို ကုစားပေးနိုင်မယ်ဆိုတဲ့ လုံခြုံနွေးထွေးခြင်းကို ခံစားရမိလိမ့်မယ်။
  • ဘယ်အရာမှာမဆို ကိုယ့်ဖက်မှာရှိနေမယ့် လူတစ်ယောက်ရှိနေပြီဆိုတဲ့ ယုံကြည်မှုရှိနေလိမ့်မယ်။

သင်ကော… အဲ့ဒီလိုခံစားမှုတွေ ပေးစွမ်းနိုင်တဲ့ ချစ်သူမျိုးကိုတွေ့နေပြီလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။