လူ့သဘာဝကို ဖော်ပြနေတဲ့ စိတ်ပညာဆိုင်ရာအချက်လေးများ

blank

လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ တစ်နေ့ကို အတွေးပေါင်း ၁၂,ဝဝဝ ကနေ ၅ဝ,ဝဝဝ အထိ ထုတ်လွှတ်ပေးနိုင်ပါတယ်တဲ့။ ဘယ်လောက် အံ့သြစရာကောင်းလိုက်သလဲနော်။ ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ စိတ်ပညာဆိုင်ရာအချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အငြင်းခံရခြင်းဟာလည်း ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုလိုပဲ ထပ်တူနာကျင်ခံစားရပါတယ်။

စိတ်ပိုင်းဆိုင်ရာနာကျင်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုဟာ တော်တော်ကို တူညီပါတယ်။ နာကျင်မှုကို ခံစားရတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲကနေပြီးတော့ နာကျင်မှုတွေကို သက်သာစေနိုင်တဲ့ သဘာဝဓာတ်ပစ္စည်းတစ်မျိုးကို ထုတ်လွှတ်ပေးလိုက်ပါတယ်။

၂။ အနီစိမ်းရောင်၊ အဝါပြာရောင်တွေကို ကျွန်မတို့ မမြင်ရပါဘူး။

အနီစိမ်းရောင်ဆိုတာ တကယ်တည်ရှိနေတဲ့အရောင်တစ်မျိုးပါ။ အညိုရောင်မဟုတ်ပါဘူး။ ဒီလိုပါပဲ အဝါပြာရောင်ဆိုတာဟာလည်း အစိမ်းရောင်မဟုတ်ပါဘူး။ ဒီအရောင်တွေကို မြင်ကြည့်ဖို့ ကြိုးစားနေတယ်ဆိုရင် တစ်ခါမှမြင်ခဲ့ဖူးတဲ့အရောင်တွေမဟုတ်လို့ မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအရောင်တွေဟာ တကယ်တည်ရှိတာဖြစ်ပြီးတော့ ဒီအရောင်တွေကို “မေ့လျော့ခံ အရောင်များ” လို့ခေါ်ပါတယ်။

၃။ ဘဝကအရမ်းတည်ငြိမ်လွန်းတဲ့အခါ ဦးနှောက်ရဲ့ သင်ယူနိုင်စွမ်းတွေဟာ ရပ်တန့်သွားပါတယ်။

ကိုယ့်ဘဝက မတည်ငြိမ်လိုက်တာလို့ တွေးမိတဲ့အခါ ဒီလိုမတည်ငြိမ်ခြင်းကပဲ ကိုယ့်ကို တိုးတက်စေခဲ့တာဆိုတာ သတိရလိုက်ပါ။ သိပ္ပံပညာရှင်တွေက comfort zone အပြင်ဘက်မထွက်မချင်း သင်ယူနေတာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

၄။ တစ်ချိန်မှာ အရာလေးမျိုးကိုပဲ မှတ်မိနိုင်ပါတယ်။

လုပ်စရာတွေအများကြီးရှိနေတဲ့အချိန်မှာ လုပ်ဖို့လိုအပ်နေတဲ့ အရေးကြီးကိစ္စတွေကို မေ့သွားတတ်တယ်ဆိုတာ အံ့သြစရာတော့မရှိပါဘူး။ တစ်ချိန်မှာ လေးမျိုးပဲ သတိရနိုင်တာကိုး။

၅။ ကျွန်မတို့ တွေးပူပန်နေတာတွေရဲ့ ၈၅ % ဟာ ဘယ်တော့မှ တကယ်ဖြစ်မလာပါဘူး။

လေ့လာချက်တွေအရ ကျွန်မတို့ရဲ့ အဆိုးမြင်စိတ်အများစုဟာ တကယ်ဖြစ်မလာပါဘူး။ လူအနည်းငယ်ကို သူတို့စိတ်ပူပန်ရတဲ့အကြောင်းတွေကို ချရေးခိုင်းပြီး အချိန်တစ်ခုထိ စောင့်ဆိုင်းကြည့်တဲ့အခါ ဒီအရာတွေထဲထဲက ၈၅ % ဟာ ဖြစ်မလာဘူးဆိုတာ တွေ့ရပါတယ်။ ၁၅ % ပဲ တကယ်ဖြစ်တာပါနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ပျော်ရွှင်လေလေ အိပ်ဖို့မလိုအပ်လေလေပါပဲ။

ကိုယ်ပျော်ရွှင်လေလေ တစ်နေ့တာကို ကောင်းမွန်စွာဖြတ်သန်းနိုင်ဖို့အတွက် အိပ်စက်ချိန်တွေကို လိုအပ်တာနည်းလေလေပါပဲ။ ဘာလို့လဲဆိုတော့ ဝမ်းနည်းမှုက အိပ်ချင်စိတ်ကို ပိုမိုကြီးမားစေနိုင်တာကြောင့်ပါ။ ပျော်ရွှင်မှုကတော့ ဆန့်ကျင်ဖက်လေ။

၇။ တခြားသူတွေလိုအပ်တာကို ဝယ်ပေးခြင်းဟာ ကိုယ့်ကို ပိုပျော်ရွှင်စေနိုင်ပါတယ်။

ငွေသုံးတာဟာ ငွေရှာတာလိုပဲ အရေးကြီးပါတယ်။ အထူးသဖြင့် တခြားသူတွေလိုအပ်တာကို ဝယ်ပေးတဲ့အခါကျရင်ပေါ့။ ဒါဟာ ကိုယ်ကိုယ်တိုင်အတွက် သုံးစွဲလိုက်တာထက် ပိုပြီးတော့အဓိပ္ပာယ်ရှိပါတယ်။

၈။ ၁၈ နဲ့ ၃၃ နှစ်ကြားအရွယ်ဟာ စိတ်ဖိစီးမှုအများဆုံးအချိန်ပါ။

အသက် ၃၃ နှစ်ကျော်တဲ့အခါကျရင်တော့ စိတ်ဖိစီးမှုတွေဟာ စတင်လျော့ကျလာပါပြီ။ ပြီးတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီးစိတ်ဖိစီးမှုများပါတယ်တဲ့။

၉။ ပိရိအောင်လိမ်တတ်တဲ့သူတွေဟာ အလိမ်ဖော်တဲ့နေရာမှာလည်း တော်ပါတယ်။

ဘာလို့လဲဆိုတော့ တခြားသူတွေ ဘာတွေတွေးနေမလဲဆိုတာ ကောင်းကောင်းခန့်မှန်းနိုင်တာမလို့ပါပဲ။ မြွေမြွေချင်း ခြေမြင်လို့ဆိုကြတယ်မလား။

၁ဝ။ လူတစ်ယောက်ကို သဘောကျ၊ မကျဆိုတာ သိရှိဖို့ အချိန်လေးမိနစ်ပဲ လိုအပ်ပါတယ်။

လူတစ်ယောက်ကို ကိုယ်သဘောကျနှစ်သက်နေတယ်ဆိုတာ သိရှိနိုင်ဖို့အတွက် အချိန်စက္ကန့် ၉ဝ ကနေ ကနေ လေးမိနစ်ပဲ လိုပါတယ်။ ဒီအချိန်လေးမိနစ်မှာလည်း ကိုယ်ဟန်အမူအရာ၊ အသံအနေအထားတွေလောက်နဲ့တင် လုံလောက်ပါပြီ။ ၇ % လောက်သာ စကားပြောဆိုဖို့ လိုအပ်တာပါ။

၁၁။ ရွေးချယ်စရာတွေများလေလေ၊ ရွေးချယ်ဖို့ ခက်ခဲလေလေပါ။

ကျွမ်းကျင်ပညာရှင်တွေက ရွေးချယ်စရာတွေများခြင်းဟာ အဆိုးမြင်စိတ်တွေကို ပေါ်လာစေတယ်လို့ဆိုပါတယ်။

၁၂။ ချောကလက်က အချစ်ထက် ပျော်ရွှင်မှုတွေကို ပိုမိုယူဆောင်လာပေးနိုင်ပါတယ်။

ချောကလက်တစ်တောင့်စားလိုက်ခြင်းဟာ အကြိုက်ဆုံးသီချင်းကိုနားထောင်ရတာ၊ ထီပေါက်တာ ဒါမှမဟုတ် ချစ်သူနဲ့ အတူရှိနေတာတွေထက်တောင်မှ သာယာကြည်နူးမှုတွေကို ယူဆောင်လာပေးနိုင်ပါတယ်။

သင်ကော စိတ်ဝင်စားစရာကောင်းတဲ့ဘယ်အရာတွေ သိရှိထားလဲ။