မင်းဟာ လူတိုင်းရဲ့အဖြည့်ခံမဟုတ်ပါဘူး။

blank

လောကကြီးမှာ မင်းဘာတွေပဲလုပ်လုပ်၊ ဘယ်လောက်ပဲကြိုးစားကြိုးစား မင်းကိုသဘောကျလာမှာမဟုတ်တဲ့လူတွေ ရှိနေတတ်တယ်။ ဒါပေမဲ့ မင်းကို အသည်းနင့်အောင် ချစ်နေမယ့်လူတွေလည်း ရှိပါသေးတယ်။ မင်းကို ချစ်တဲ့သူတွေဟာ မင်းရဲ့လူတွေပဲပေါ့။ မင်းရဲ့တန်ဖိုးနဲ့မထိုက်တန်သူတွေနဲ့ အဆင်ပြေဖို့ မင်းနှလုံးသားနဲ့အချိန်တွေကို ဖြုန်းတီးမပစ်လိုက်ပါနဲ့။

သူတို့ကတော့ မင်းတန်ဖိုးတွေနဲ့ လုံးဝလွဲချော်သွားရလိမ့်မယ်။ သူတို့အတွက် မင်းဘယ်လောက်ပဲပေးဆပ်နေနေ သူတို့က လက်ခံကြမှာမဟုတ်ဘူး။ မင်းဘဝလမ်းကြောင်းမှာ သူတို့နဲ့အတူ အဆင်ပြေပြေလျှောက်လှမ်းဖို့ မကြိုးစားပါနဲ့။ ဘာလို့လဲဆိုတော့ မင်းရဲ့အချိန်နဲ့စိတ်ထားကောင်းတာလေးကို အလကားဖြုန်းနေသလို ဖြစ်နေပါလိမ့်မယ်။ မင်းဟာ သူတို့အတွက် မဟုတ်သလို သူတို့ကလည်း မင်းအတွက်မဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မင်းဟာ သူတို့အတွက် အဖြည့်ခံမဟုတ်သလို သူတို့ကလည်း မင်းရဲ့အဖြည့်ခံမဟုတ်ပါဘူး။ ယဉ်ယဉ်ကျေးကျေးနဲ့ပဲ သူတို့ကိုငြင်းပယ်ပြီး ရှောင်ဖယ်နေလိုက်ပါ။ မင်းဟာ မင်းနည်းမင်းဟန်နဲ့ ပေးမယ့်လက်ဆောင်မွန်တွေကို လက်ခံနားလည်သူတွေနဲ့ပဲ မင်းဘဝလမ်းကြောင်းမှာ အတူလျှောက်လှမ်းဖို့ရှာဖွေပါ။ ဒါကြောင့် မင်းဟာ လူတိုင်းအတွက် အဖြည့်ခံမဟုတ်ပါဘူး။

ဒီဆောင်းပါးလေးကနေတစ်ဆင့် သင့်ရဲ့ထင်မြင်ချက်လေးတွေကိုလည်း မျှဝေပေးပါဦးနော်။