မိုးရာသီမှာ ဘာကြောင့် ပုဂံသွားသင့်တာလဲ။

မြန်မာမှန်ရင် ပုဂံကို တစ်ခေါက်တော့ ရောက်ဖူးရမယ်တဲ့။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်သွားတဲ့ ပုဂံကို မရောက်ဖူးသေးလို့ သွားချင်နေတာပဲဖြစ်ဖြစ်၊ ရောက်ဖူးပြီးသားမို့ ထပ်ရောက်ချင်နေတာပဲဖြစ်ဖြစ် မိုးရာသီမှာ တစ်ခေါက်လောက် သွားသင့်ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ပြည့်နေတဲ့ ပုဂံဟာ အလွမ်းတွေကို ပေါက်ဖွားနိုင်စွမ်းရှိတယ်ဆိုရင် အုံ့အုံ့မှိုင်းမှိုင်းမိုးရာသီမှာပိုပြီးတော့ ဖီးလ်လို့ကောင်းမှာ အသေအချာပါပဲ။ ပုဂံကို မိုးရာသီမှာ သွားသင့်တဲ့ အကြောင်းအရင်းလေးတွေကတော့….

  • အပူပိုင်း ခြောက်သွေ့တဲ့ဒေသမှာ တည်ရှိတဲ့ ပုဂံဟာ မိုးရာသီမှာ အုံ့အုံ့မှိုင်းမှိုင်းနဲ့ နေလို့ကောင်းပါတယ်။ မိုးတိမ်လေးတွေရဲ့ အောက်မှာ ပုဂံဘုရားတွေက အလှတစ်မျိုးနဲ့ ရှိနေတာမို့ ဓာတ်ဖမ်းလို့သိပ်ကောင်းတာပေါ့။ မိုးလေးဖွဲဖွဲရွာလာရင် မိုးခိုဖို့ ဘုရားတွေကပေါမှပေါ ဆိုတော့ မိုးမိမှာ မပူပါနဲ့။
  • ပုဂံဟာ တစ်ကမ္ဘာလုံးက ခရီးသည်တွေစိတ်ဝင်စားတဲ့နေရာဖြစ်တာကြောင့် ပွင့်လင်းရာသီတွေမှာ နိုင်ငံခြားသားခရီးသည်တွေ ခြေချင်းလိမ်နေတတ်ပါတယ်။ သင်က အေးအေးဆေးဆေးသမားတစ်ယောက်ဆိုရင်တော့ လူရှင်းတဲ့ မိုးရာသီဟာ ပုဂံသွားဖို့ ကောင်းတဲ့ ရာသီတစ်ခုပေါ့။
  • ပုဂံကို ဘတ်ဂျတ်နည်းနည်းနဲ့ သွားချင်တယ်ဆိုရင်တော့ မိုးရာသီက ပိုသင့်တော်ပါတယ်။ ခရီးသွားပါးတဲ့အတွက် ဟိုတယ်နဲ့ တည်းခိုခန်းစရိတ်တွေကို ဈေးချထားတတ်ပါတယ်။
  • အညာဒေသဖြစ်တဲ့ ပုဂံဟာ မိုးရာသီမှာ စိမ်းစိုနေတတ်ပါတယ်။ ရေပြည့်နေတဲ့ ဧရာဝတီမြစ်နံဘေးက ဘုရားတွေဟာ တစ်မျိုးတစ်ဖုံ အလှထူးနေမှာ အသေအချာပဲပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကဲ… ဂန္ထဝင်ပရိသတ်ကြီးရေ…..

ဒီစာလေးကိုဖတ်ပြီး ပုဂံကို ချက်ခြင်းပြေးသွားချင်တယ်ဟုတ်။

အခုပဲ သူငယ်ချင်းတွေကို mention ခေါ်ပြီး ခရီးစဉ်လေးကို စီစဉ်လိုက်ပါတော့။

ပုဂံကိုချစ်တဲ့သူမှန်ရင် မိုးမကုန်ခင် တစ်ခေါက်တော့ ပုဂံရောက်သင့်တယ်မဟုတ်လား။ ရုတ်တရက် မိုးကျလာရင် ဘုရားတွေအောက်မှာ မိုးခိုရတဲ့အရသာကို ရောက်ဖူးသူသာ သိနိုင်တယ်လေ…။