မင်းသားကြီးအာနိုးရဲ့ အောင်မြင်မှုဆိုင်ရာ ဥပဒေသ ၆ ချက်

၁။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။

ငယ်ရွယ်သူအများစုဟာ သူတို့ဝန်းကျင်မှာရှိတဲ့ မိဘ၊ ဆရာသမားတွေနဲ့ လူတွေဆီက အကြံဉာဏ် ပေါင်းများစွာကို လက်ခံရရှိကြတယ်။ ဒါပေမဲ့… ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာက ဘာလဲဆို တာ ကိုယ့်ကိုယ်ကိုယ် နက်နက်ရှိုင်းရှိုင်းသိအောင်မေးဖို့ လိုအပ်ပါတယ်။ ကိုယ့်ရည်ရွယ်ချက်ဟာ တခြားသူတွေ အတွက် မဖြစ်နိုင်စရာလို့ ထင်နေရင်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။

၂။ ရှေးရိုးစွဲစည်းမျဉ်းတွေကို ချိုးဖျက်ပစ်ပါ။

ဥပဒေကို ချိုးဖောက်ခိုင်းတာမဟုတ်ပါဘူး။ ရှေးရိုးစွဲစည်းမျဉ်းတွေ၊ ပုံစံခွက်တွေထဲက ခွဲထွက်စဉ်းစား ခိုင်းတာပါ။

၃။ ကျဆုံးမှာကြောက်တဲ့စိတ်ကို ဖျောက်ပစ်ပါ။

မအောင်မြင်ခင်မှာ ကျဆုံးမှုဆိုတာ ရှိကြတာချည်းပါပဲ။ ဘယ်သူမှ အမြဲတမ်း အနိုင်ရမနေပါဘူး။ ဆုံးဖြတ်ချက်တွေချဖို့ကို မကြောက်ပါနဲ့။ ကျဆုံးမှာကြောက်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် တွန်းအားမပေးရင် ဘဝက လည်း ဘယ်တော့မှ ရွေ့မှာမဟုတ်ပါဘူး။ ကိုယ့်အမြင်ကိုယ် ယုံကြည်ပါ။ ကိုယ်လုပ်နေတာ မှန်ကန်နေတယ်ဆို တာ သိပါ။ ဒါဆို အောင်မြင်မှုကလည်း ရောက်လာမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၎။ ဘေးကပြောတာတွေကို လျစ်လျူရှုထားပါ။

ကြိုးစားနေသူတိုင်းရဲ့ဘဝမှာ “လုပ်နိုင်မှာမဟုတ်ပါဘူး။ ဘယ်တော့မှလည်း ဖြစ်လာမှာမဟုတ်ဘူး” ဆိုတဲ့ ဘေးစကားတွေကို ကြားဖူးကြပါတယ်။ အဲ့ဒီစကားတွေကိုသာ နားထောင်နေရင် ဆက်ကြိုးစားဖြစ် တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် မဖြစ်နိုင်ဘူးလို့ ပြောနေတဲ့လူတွေကို အာရုံမစိုက်ပါနဲ့။

၅။ အကောင်းဆုံးကြိုးစားပါ။

ကျရှုံးမှုကို ဘယ်သူမှမလိုချင်ပါဘူး။ ဒါပေမဲ့ နာကျင်မှုတွေ၊ ကျရှုံးမှုတွေမရှိဘဲနဲ့လည်း အောင်မြင်မှုကို မရရှိနိုင်ပါဘူး။ ကမ္ဘာကျော်လက်ဝှေ့ဘုရင် မိုဟာမက်အလီ(Mohammed Ali) ကတော့ သူလေ့ကျင့်တဲ့အခါ နာကျင်မှုဖြစ်လာပြီဆိုမှ အကြိမ်ရေကို စတင်ရေတွက်ပါတယ်။ နာကျင်မှုကသာ ချန်ပီယံဖြစ်စေမှာပါ။ နာကျင်မှု မရှိဘဲ အောင်မြင်မှုဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။

၆။ တခြားသူတွေအတွက်လည်း တစ်ခုခုပြန်ပေးပါ။

ဘယ်နေရာရောက်နေနေ ကိုယ့်ဝန်းကျင်၊ ကိုယ့်တိုင်းပြည်၊ ဒါမှမဟုတ် ကိုယ့်ပြည်နယ်အတွက် တစ်ခုခု ပြန်ပေးနိုင်သူဖြစ်အောင် ကြိုးစားပါ။

သင့်အောင်မြင်မှုခရီးလမ်းမှာ အသုံးချနိုင်ဖို့ ဒီစာစောင်လေးကို SHARE ထားလိုက်ပါဦးနော်။