အတွေးမလွန်ဘဲ တည်ငြိမ်စွာတွေးတတ်ဖို့အတွက် နည်းလမ်းကောင်းလေးတစ်ခု

Thoughtful woman making notes and sitting on bench outdoors. Beautiful young lady sitting with her legs crossed and city view in background. Urban lifestyle and education concept. Front view.

“တချို့ကိစ္စတွေမှာ ဆုံးဖြတ်ချက်ချတာမြန်သလောက် တချို့ကိစ္စတွေမှာ အတွေးတွေများပြီး တွေဝေနေတတ်တယ်တယ်။ အဲဒီ့လိုအတွေးတွေမလွန်ဖို့ နည်းလမ်းကောင်းလေးများရှိရင် ပြောပါဦး”

ဒီလိုအတွေးလွန်တတ်သူတွေအတွက် နည်းလမ်းကောင်းလေးရှိပါတယ်။ ဒီလိုတွေ ဖြစ်နေရတာက တွေးပုံတွေးနည်း မမှန်လို့ပါ။ ရလဒ်တွေပြောင်းစေချင်ရင် နည်းလမ်းတွေကိုလည်း ပြောင်းသင့်ပါတယ်။ အတွေးလွန်တဲ့သူတွေအတွက် ရှိထားသင့်တဲ့ တွေးပုံတွေးနည်း (၃) မျိုးရှိပါတယ်။ ဆင်ခြေမပါတဲ့တွေးခေါ်နည်း၊ ပြဿနာဖြေရှင်းနည်းကိုအဓိကဦးစားပေးတဲ့ တွေးခေါ်နည်းနဲ့ ရေရှည်ကိုထည့်တွက်ပြီး စဉ်းစားတွေးခေါ်နည်းဖြစ်ပါတယ်။ အတွေးမလွန်စေဖို့ ဒီနည်းလမ်း (၃) ခုအတိုင်းပဲတွေးပါ။ မကောင်းမြင်တဲ့ အပျက်သဘောဆောင်အတွေးတွေကို မတွေးပါနဲ့။ အဆိုးမြင်အတွေးတွေက ဦးနှောက်ကို ညစ်ညမ်းစေပါတယ်။

ပြဿနာတစ်ခုခုကို အတွေးမလွန်ဘဲ စဉ်းစားဆုံးဖြတ်တတ်စေဖို့ ဒီမေးခွန်း (၄)ခုကို သင့်ကိုယ်သင်ပြန်မေးပြီး သင့်ကိုယ်သင်အရင်ဖြေကြည့်ပါ။

၁။ အတွေးလွန်နေတာတွေကို ဘယ်လိုရပ်တန့်မလဲ။

၂။ သူများတွေရော ငါ့လိုပဲ အတွေးလွန်တတ်သလား။

၃။ ထိထိရောက်ရောက်တွေးခေါ်တတ်စေဖို့ ဘယ်လိုစွမ်းရည်တွေ ရအောင်ကြိုးစားရမလဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ငါ့အတွေးတွေမလွန်ခင် အရင်ဆုံးဖယ်ရှားသင့်တဲ့ အဟန့်အတားတွေက ဘာတွေလဲ။

သင်ရော အတွေးလွန်တတ်သူလား။ သင့်အမြင်လေးကိုလည်း comment box မှာ ဝေမျှပေးပါဦးနော်။