လူတစ်ယောက်ကို အချစ်စစ်နဲ့ချစ်ဖို့ သင် တကယ်ရော အဆင်သင့်ဖြစ်နေပြီလား

၁။ လူတစ်ယောက်ကို တကယ်ချစ်မိတာနဲ့ သူ့မိဘ၊ သူ့သူငယ်ချင်း၊ သူ့အသိုင်းအဝိုင်းတွေနဲ့ပါ ပတ်သက်ဆက်ဆံရတော့မယ်။ အဲဒီ့အတွက် အဆင်သင့်ဖြစ်ပြီလား။

၂။ လူတစ်ယောက်ကို ချစ်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုထက် သူ့ကိုပိုပြီး ဂရုစိုက်သင့်ရင် ဂရုစိုက်ရတတ်ပါတယ်။ အဲဒီ့အတွက် အဆင်သင့်ဖြစ်ပြီလား။

၃။ လူတွေကြားထဲမှာ “ဒါ ငါ့ချစ်သူ” ဆိုပြီး ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြရမယ်။ အဲဒီ့အတွက် အဆင်သင့်ဖြစ်ပြီလား။

၎။ တစ်ခါတလေ ငြင်းခုံရန်ဖြစ်တဲ့အခါ ချစ်တဲ့စိတ်ကြောင့် အလျှော့ပေးရတဲ့အခိုက်အတန့်တွေ ရှိလာမယ်။ အဲဒီ့အတွက် အဆင်သင့်ဖြစ်ပြီလား။

၅။ သူ့ကို တကယ်ချစ်တယ်ဆိုရင် သူကလွဲပြီး တခြားအပျော်ဇယားလေးတွေကို ပြတ်ပြတ်သားသား ရှင်းထုတ်ရမယ်။ အဲဒီ့အတွက် အဆင်သင့်ဖြစ်ပြီလား။

၆။ ချစ်ရသူအတွက် ကိုယ်ပိုင်အချိန်တွေ ဖဲ့ပေးရမယ်။ အဲဒီ့အတွက် အဆင်သင့်ဖြစ်ပြီလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ သင့်ခံစားချက်၊ သင့်တစ်နေ့တာ၊ သင့်အကြောင်းတွေအကုန်လုံးကို ချစ်သူဆီ သံတော်ဦးတင်ရမယ်။ အဲဒီ့အတွက် အဆင်သင့်ဖြစ်ပြီလား။

၈။ တစ်ယောက်လိုအပ်နေချိန်မှာ တစ်ယောက်က ရှိနေပေးရမယ်။ အဲဒီ့အတွက် အဆင်သင့်ဖြစ်ပြီလား။

၉။ သင်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူ့ဝါသနာတွေကို စိတ်ဝင်တစားနဲ့ အတူတူလိုက်လုပ်ပေးရမယ်။ အဲဒီ့အတွက် အဆင်သင့်ဖြစ်ပြီလား။

၁ဝ။ သူ့ရဲ့ တစ်နေ့တာအလုပ်လေးတွေ၊ အသေးအဖွဲကိစ္စလေးတွေကို မဆိုင်သလိုမနေဘဲ ကူညီနိုင်သလောက် ကူညီရမယ်။ အဲဒီ့အတွက် အဆင်သင့်ဖြစ်ပြီလား။

၁၁။ အနာဂတ်ရည်မှန်းချက်တွေကို တိကျသေချာစွာ ချမှတ်ရတော့မယ်။ အဲဒီ့အတွက် အဆင်သင့်ဖြစ်ပြီလား။

အဆင်သင့်ဖြစ်ပြီဆိုရင်တော့ သင်ဟာ အချစ်ကမ္ဘာထဲကို ဝင်ရောက်ဖို့ အသင့်ဖြစ်နေပါပြီ။ တစ်နည်းအားဖြင့်ဆိုရရင် ချစ်သူထားလို့ရနေပြီပေါ့။

တကယ်လို့ အထက်ပါအချက်တော်တော်များများကို အဆင်သင့်မဖြစ်သေးဘူးဆိုရင်တော့ သင်ဟာ ချစ်သူထားဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုနိုင်ပါတယ်။ အချစ်ရေးတစ်ခုဆိုတာ စတင်ဖို့ လွယ်ကူပါတယ်။ ဒါပေမဲ့ ရေရှည်တည်မြဲအောင် ထိန်းသိမ်းနိုင်ဖို့ သိပ်ကို ခက်ခဲပါတယ်။ ဒါကြောင့် အချစ်ကို စတင်ခံစားတော့မယ်ဆိုကတည်းက အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပြီးမှ ချစ်တာက အကောင်းဆုံးဖြစ်ပါတယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ။ သင်ရော အဆင်သင့်ဖြစ်ပြီလား။ Comment box မှာ ဖြေခဲ့ပါဦးနော်။

ဒီမေးခွန်းလေးတွေကို သင်ဖြေစေချင်တဲ့သူအတွက် SHARE ပေးလိုက်ပါဦးနော်။