ပြီးပြည့်စုံတဲ့အလှတရားဟာ တကယ်ပဲရှိတာလား

blank

မနေ့က ကျွန်မသားနဲ့အတူ ပန်းခြံသွားခဲ့ကြတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကို တစ်ချက်လှည့်ပတ်ကြည့်ပြီး အဲ့ဒီပန်းခြံထဲမှာရှိတဲ့ တခြားကလေးအမေတွေနဲ့ ကျွန်မကိုယ်ကျွန်မ နှိုင်းယှဉ်နေခဲ့မိတယ်။

မိန်းမသဘာဝအရ လှတာလေးတွေကို မြင်ရင် ငေးတတ်ကြတာ မဆန်းပါဘူး။

ကျွန်မ တခြားကလေးအမေတစ်ယောက်ရဲ့ အဝတ်အစားတွေကို လှမ်းကြည့်ပြီး ငါလည်း သူမလိုစတိုင်ကျနေရင် ကောင်းမှာပဲလို့ တွေးမိတယ်။

အဲ့ဒီနောက် သူမဆံပင်ကို ထပ်ကြည့်လိုက်ပြီး ငါ့မှာလည်း သူမလိုသိပ်လှတဲ့ ဆံနွယ်အကောက်လေးတွေရှိရင် ကောင်းမှာပဲလို့ တွေးမိပြန်တယ်။

နောက် သူမအပြုံးတွေကို ငေးကြည့်ပြီး ငါ့သွားတွေလည်း သူမသွားတွေလို ဖြူဖြူဖွေးဖွေးလေးဖြစ်နေရင် သိပ်ကောင်းမှာပဲလို့ တွေးနေမိပြန်တယ်။

သူမမျက်နှာကို ထပ်ကြည့်မိပြီး ငါလည်း သူမလို မိတ်ကပ်မျိုးလိမ်းနိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိပြန်တယ်။

သူမတစ်ကိုယ်လုံးကို ခြုံကြည့်မိပြီး ငါလည်း သူမလို ဖြစ်နေရင် သိပ်ကောင်းမှာပဲလို့ အတွေးတွေ တရစပ်ဝင်နေမိတယ်။

ငါလည်း သူမလို မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ကျွန်မရည်ရွယ်ချက်ထားခဲ့ပါတယ်။

ကျွန်မကိုယ်ကျွန်မ လှပပြီးယုံကြည်မှုရှိတဲ့ လူတစ်ယောက်ဖြစ်ရမယ်လို့ တွေးနေမိခဲ့တယ်။ ဒါပေမဲ့ ဒီလိုအတွေးတွေဟာ တခြားသူကို ကြည့်ပြီး မနာလိုမှုကြောင့်သာ ဖြစ်လာခဲ့တာပါ။ အနာဂတ်မှာ ကျွန်မတွေးနေသလို ဖြစ်လာနိုင်မလားဆိုတာတော့ ကြိုတင်ခန့်မှန်းလို့ မရပါဘူး။

ဒါကြောင့် ကျွန်မအတွေးတွေကို မြန်မြန်ပဲ နောက်ပြန်လှည့်ခဲ့ပါတယ်။

ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး တခြားသူတွေမှာရှိတဲ့ ကောင်းတဲ့အချက်လေးတွေကို ကြည့်နေရတာ လွယ်ကူပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုယ့်မှာမရှိတဲ့ တခြားတစ်ယောက်မှာ ရှိတဲ့အချက်တွေကို လိုချင်ကြတယ်။

ဒါပေမဲ့ ကျွန်မတို့တွေ အပြင်ပန်း ရုပ်အဆင်းကိုပဲ ကြည့်တတ်ကြတယ်။ တကယ်တော့ ရုပ်အဆင်းဆိုတာ ပြည့်စုံမှုရယ်လို့ မရှိပါဘူး။

ရုပ်ရည်နဲ့ပတ်သက်လို့ ကျွန်မကိုယ်တိုင်လည်း ဘယ်တော့မှ ပြည့်စုံလာမှာ မဟုတ်သလို သင်လည်း ဘယ်တော့မှ ပြည့်စုံလာမှာ မဟုတ်ပါဘူး။

ကျွန်မတို့ကို တကယ်လှပစေတဲ့အရာတွေဟာ ကျွန်မတို့ ဝတ်ထားတဲ့ အဝတ်အစားတွေ၊ ကျွန်မတို့ကိုင်နေတဲ့ လက်ကိုင်အိတ်တွေ၊ ကျွန်မတို့ပြုပြင်နေတဲ့ ဆံပင်စတိုင်တွေ၊ ကျွန်မတို့သုံးနေတဲ့ မိတ်ကပ်တွေလည်း မဟုတ်ပါဘူး။

ကိုယ့်ကို ယုံကြည်မှုရှိစေတဲ့ အဝတ်အစားတွေကို ဝတ်ပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ဆံပင်နဲ့ မိတ်ကပ်တွေ ပြင်ချင်ရင် ပြင်လိုက်ပါ။

ဒါပေမဲ့ အဲ့ဒီအပေါ်မှာ ကိုယ့်ကိုယ်ကိုယ်ရော၊ တခြားသူကိုပါ မဝေဖန်ပါနဲ့။

တကယ်အရေးကြီးတာက အတွင်းစိတ်မှာ ဘာဖြစ်နေလဲဆိုတာပါပဲ။

ကိုယ့်ရဲ့အတွင်းစိတ်ကို နားလည်ခြင်းဟာ ကိုယ်နဲ့တူတဲ့သူ ဘယ်သူမှမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် နားလည်ထားခြင်းပါပဲ။

ကိုယ်ဟာ တခြားသူလို ဖြစ်စရာမလိုပါဘူး။

ကိုယ်ဟာ ကိုယ့်ထက် သာတဲ့လူပဲ ဖြစ်စရာလိုတာပါ။

ကိုယ့်ကို ထူးခြားစေတဲ့အရာတွေကို အတွင်းစိတ်ထဲမှာပဲ ကြည့်ပြီး ရှာဖွေပါ။

ကိုယ်လုပ်သမျှအရာတိုင်း ကိုယ်ပိုင်ဆိုင်ပါတယ်။

ကိုယ်ပိုင်အလှစစ်ဆိုတာ ကိုယ့်မှာရှိနေပါစေ။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။