အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဧပြီလ ၁၅ ရက်မှ ဧပြီလ ၂၁ ရက်အထိ)

၁။ တနင်္လာသားသမီး

လုပ်ငန်းခွင်မှာ အနှောင့်အယှက်၊ အတားအဆီးတွေ အများကြီး ကြုံရတတ်တယ်။ ဒီအခြေအနေတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်ပြီဆိုရင် ဘဝရဲ့ ကြီးမားတဲ့အောင်မြင်မှုတစ်ခုကို ရနိုင်လိမ့်မယ်။ အချစ်ရေးမှာ မျှော်လင့်ထားတဲ့ ရလဒ်မျိုး ရလာနိုင်တယ်။

ယတြာ ။        ။ အတိုက်အခိုက်တွေ များနေရင် စီးနေတဲ့ဖိနပ်အဟောင်းတစ်ရံကို စွန့်ပစ်ပြီး အတိုက်အခိုက်တွေပျောက်အောင် ဆုတောင်းပါ။

၂။ အင်္ဂါသားသမီး

အလုပ်တွေကို ချဲ့ထွင်ဖို့ မတွန့်ဆုတ်ပါနဲ့။ အစစအရာရာအဆင်ပြေမယ့်ကာလဖြစ်တာကြောင့် စွန့်စားလိုက်ပါ။ ဇွဲလုံ့လတော့ ရှိဖို့လိုပါတယ်။ အချစ်ရေးမှာ ဂရုမစိုက်မိတာတွေ များလာတဲ့အခါ အထင်လွဲစရာလေးတွေ ရှိလာနိုင်တယ်။ ကျန်းမာရေး ဂရုစိုက်ပါ။

ယတြာ ။        ။ ငါးစာကျွေးပြီး လိုရာဆုတောင်းပါ။

၃။ ဗုဒ္ဓဟူးသားသမီး

သူငယ်ချင်း၊ မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထင်လွဲမှုတွေ အများကြီး ရှိနေတတ်တယ်။ ဒီလိုအမှားတွေ၊ ပဋိပက္ခတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရလိမ့်မယ်။ ငွေရေးကြေးရေးမှာတော့ ကံကောင်းနေပါတယ်။ အချစ်ရေးကတော့ ပုံမှန်လောက်ပါပဲ။

ယတြာ ။        ။ သင်လိုချင်တဲ့အရာကို အာရုံပြုပြီး တရားထိုင်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ကြာသပတေးသားသမီး

အနာဂတ်အတွက် အခွင့်အလမ်းကောင်းတွေ ဖြစ်ပေါ်လာနိုင်မယ့် ကာလဖြစ်ပါတယ်။ အကျိုးတူတွဲဖက်လုပ်တဲ့ လုပ်ငန်းတွေ အောင်မြင်မယ်။ အောင်မြင်မှုအသစ်တွေ ရရှိမယ်။ လူမှုရေးပိုင်းမှာတော့ ကံညံ့နေပါတယ်။ အချစ်ရေးမှာလည်း ကြားလူပေါ်လာတတ်တယ်။

ယတြာ ။        ။ ငှက် (၅) ကောင်လွှတ်ပြီး လိုရာဆုတောင်းပါ။

၅။ သောကြာသားသမီး

ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အသစ်ရရှိမယ်။ ငွေဝင်ကောင်းသလို ငွေထွက်လည်း ကောင်းနေတာကြောင့် စုမိဆောင်းမိတာမျိုး မရှိတတ်ပါဘူး။ အချစ်ရေးကတော့ တစ်ခါတလေ ရင်ခုန်စရာလေးတွေ ကြုံရတာကလွဲရင် ပုံမှန်ပါပဲ။

ယတြာ ။        ။ အညံ့တွေပပျောက်သွားအောင် အဝတ်ဟောင်းတွေကို နွမ်းပါးတဲ့သူထံ  လှူဒါန်းလိုက်ပါ။

၆။ စနေသားသမီး

မိတ်ဆွေကောင်းတစ်ယောက်ကြောင့် အခက်အခဲတွေ ပြေပျောက်သွားပြီး ကံဇာတာတွေ ပြန်တက်လာနိုင်တယ်။ အခွင့်အလမ်းသစ်တွေ ပေါ်လာရင် ဖမ်းဆုပ်နိုင်အောင် ကြိုးစားပါ။ အလုပ်နဲ့ ခရီးထွက်ရကိန်းရှိပါတယ်။ အစာအိမ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာလေးတွေ ဂရုစိုက်ပါ။

ယတြာ ။        ။ ဘေးဘယာတွေ ကျော်လွှားနိုင်စေဖို့ ဘယာကြော်ဆွမ်းလောင်းပါ။

၇။ တနင်္ဂနွေသားသမီး

အချိန်အကြာကြီးမြှုပ်နှံစိုက်ထုတ်ထားတဲ့ ကြိုးစားမှုတွေကနေ ချိုမြိန်တဲ့အသီးအပွင့်တွေ ခံစားရတော့မှာပါ။ မိတ်ဆွေကောင်းရွေးတတ်တာကြောင့် အကျိုးအမြတ်တွေ ရလိမ့်မယ်။ မိသားစုဝင်တွေကိုလည်း အချိန်ပေးဖို့ မမေ့ပါနဲ့။ အချစ်ရေးမှာ ပဋိပက္ခလေးတွေ ရှိနေတတ်ပါတယ်။

ယတြာ ။        ။ မိဘမဲ့ကလေးကျောင်းမှာ စာရေးကိရိယာတွေ တတ်နိုင်သလောက်လှူပါ။

တိုက်ဆိုင်မှုလေးတွေ ရှိသွားရင် မျှဝေလိုက်တော့နော်။