လက်ရှိအချိန်တိုင်းကို လက်တွေ့ကျကျရှင်သန်လိုက်ပါ။

blank

မိတ်ဆွေ…

အတိတ်ကို ယုံကြည်ပါ။ ဒီနေ့မှာ သင်ရှင်သန်နေတာဟာ အတိတ်တုန်းက သင့်ကြိုးစားရုန်း ကန်ခဲ့မှုတွေကြောင့်ပါ။

ဒီနေ့ကို ယုံကြည်ပါ။ ဒီနေ့ သင်ကြိုးစားရုန်းကန်နေတာတွေဟာ အလဟဿမဟုတ်ပါဘူး။ အနာဂတ်မှာ သင့်အတွက် အောင်မြင်မှုတွေတည်ဆောက်နေတာပါ။

မနက်ဖြန်ကို ယုံကြည်ပါ။ ဒီနေ့ရဲ့ကြိုးစားမှုတွေနဲ့ထိုက်တန်တဲ့နေရာတစ်ခုကို သင် သေချာ ပေါက် ပိုင်ဆိုင်ခွင့်ရမှာပါ။ ဒါကြောင့် ဘယ်အခြေအနေ၊ ဘယ်အချိန်အခါရောက်ရောက် စိတ်အား မလျှော့ဘဲ လက်တွေ့ကျကျကြိုးစားရှင်သန်လိုက်ပါနော်။

စိတ်ဓာတ်ခွန်အားသစ်တွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။