GandaWin International Women’s Day 2019

blank

အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်နဲ့ မတ်လ ၁၆ ရက်နေ့က UMFCCI မှာ GandaWin International Women’s Day ကို ဂန္ထဝင်မဂ္ဂဇင်းက ကြီးမှူးကျင်းပခဲ့ပါတယ်။

ဒီပွဲလေးမှာ Panel လေးခုစီစဉ်ထားပြီး Relationship တစ်ခုကို မျှမျှတတဖြစ်အောင် ဘယ်လိုထိန်းညှိနိုင်မလဲဆိုတာဟာ Panel တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီ Panel လေးမှာ

• ကိုထက်မြက်ဦး + မအိနြေ္ဒမဒီဆွေတင် (Rangoon Tea House Group)

• Mr.Richard (Samsung Marketing Head) + Ms. Eileen Lui (Marketing Consultant at CMHL )

• ကိုမျိုးဝင်းအောင် + မခင်ရဲရူပါအေး (MDs of Yartharwadi Ltd)

တို့က အတွေ့အကြုံပေါ်မူတည်ပြီး နည်းလမ်းလေးတွေ မျှဝေပေးခဲ့ပါတယ်။

ဒီပွဲမှာ ကိုထက်မြက်ဦးနဲ့ မအိနြေ္ဒဆွေတင်တို့က
• Love Language ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်မတူတဲ့အတွက် ပြဿနာမတက်ဖူးတဲ့အိမ်ထောင်ရေးဆိုတာ မရှိကြောင်း

• အလုပ်မှာ အားစိုက်ထုတ်မှုတွေလိုအပ်သလို relationship တစ်ခုမှာလည်း ကြိုးစားအားထုတ်ရတာတွေ ရှိကြောင်း

• ကိုယ့်အတွက် အပန်းမကြီးတဲ့ တောင်းပန်စကားလေးတစ်ခွန်းက သာယာတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်စေနိုင်ကြောင်း ပြောပြသွားခဲ့ပါတယ်။

ကျွန်မတို့တွေဟာ တစ်ခါတလေမှာ အလုပ်အရမ်းပင်ပန်းတဲ့အတွက် စကားမပြောချင်တဲ့အချိန်တွေ ရှိတတ်ပါတယ်။ ဒီအခါမှာ တစ်ယောက်နဲ့ တစ်ယောက်အချိန်ပေးဖို့ လိုအပ်ပါတယ်။ အချင်းချင်းနားလည်မှုရှိမှသာ Relationship တစ်ခုကို ကြာရှည်စွာ တည်မြဲစေနိုင်မှာဖြစ်ကြောင်းကို ကိုယ်တွေ့နဲ့ယှဉ်ပြီး Mr.Richard နဲ့ Ms. Eileen Lui တို့က အကြံပေးပြောဆိုသွားပါတယ်။

ကိုမျိုးဝင်းအောင်နဲ့ မခင်ရဲရူပါအေးတို့ကတော့
• အိမ်ထောင်ကျ၊ ကလေးရပြီးနောက်ပိုင်းမှာ ကိုယ်ပိုင်အချိန်ဆိုတာ နည်းပါးလာတဲ့အတွက် အပြန်အလှန်နားလည်မှုတည်ဆောက်ထားနိုင်မှသာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားနိုင်မှာဖြစ်ကြောင်း

• သစ္စာရှိဖို့ကလည်း အဓိကကျကြောင်း

• အိမ်ထောင်ရေးတစ်ခုမှာ ကိုယ့်ဆန္ဒချည်းပဲ ရှေ့တန်းတင်နေရင် ရေရှည်အဆင်ပြေဖို့မလွယ်ကြောင်း စသဖြင့် အကြံပြုပြောဆိုပေးသွားကြပါတယ်။

သာယာပျော်ရွှင်ပြီး အချင်းချင်းလေးစားမှုထားတတ်တဲ့ relationship တွေပိုင်ဆိုင်နိုင်အောင် အကြံဥာဏ်ကောင်းလေးတွေပေးသွားတဲ့ ဒီ Panel လေးဟာ တက်ရောက်လာသူတိုင်းကို အကျိုးရှိစေခဲ့မယ်လို့ ယုံကြည်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ပွဲနေ့က မတက်ရောက်လိုက်နိုင်သူများအနေဖြင့်လည်း အောက်က Live မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။>>>https://bit.ly/2W3KEfg
#GandaWinWomen #WomenofMyanmar