သင့်မွေးဖွားချိန်က ပြောပြနေတဲ့ သင့်အကြောင်း

၁။ ညသန်းခေါင်ကျော် ၂ နာရီမှာ မွေးဖွားတယ်ဆိုရင်

သင်ကနွေးထွေးတဲ့သူဖြစ်ပြီး လူမှုဆက်ဆံရေးမှာ သင့်ကိုယ်သင်ယုံကြည်မှုအပြည့်နဲ့ သက် တောင့်သက်သာရှိတဲ့သူပါ။ အရာရာမှာ ရေရှည်တည်တံ့ဖို့နဲ့ လုံခြုံမှုရှိဖို့ကို ဦးစားပေးတတ်သူဖြစ်ပါ တယ်။ အပြုသဘောဆောင်တဲ့ ပေါင်းသင်းဆက်ဆံရေးတန်ဖိုးကို တည်ဆောက်ဖို့ လူတွေကို ပညာ ပေးလှုံ့ဆော်ရတာကို ကြိုက်ပါတယ်။ သင့်ဘဝမှာ နံပါတ်တစ်တန်ဖိုးထားရဆုံးကတော့ သင့်မိသားစုပဲ ဖြစ်ပါတယ်။

၂။ သန်းခေါင်ကျော် ၂ နာရီနဲ့ ၄ နာရီအကြား မွေးဖွားသူဆိုရင်

အမြဲလှုပ်လှုပ်ရှားရှားနေတတ်ပြီး စူးစမ်းတတ်သူဖြစ်ပါတယ်။ အသစ်အဆန်းတွေကို ရှာဖွေဖို့ အမြဲ ကြိုးစားနေတတ်တယ်။ ဉာဏ်ပညာကြီးမားပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ပါတယ်။ တခြားသူတွေအတွက် သစ္စာရှိတဲ့သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သလို စာရေး၊ စာဖတ်ခြင်းနဲ့ခရီး သွားရတာကို နှစ်သက်ပါတယ်။ အားကစားနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေ ပြုလုပ်ရတာကို သဘောကျ သူဖြစ်ပါတယ်။

၃။ နံနက် ၄ နာရီမှ ၆ နာရီအတွင်းမွေးဖွားသူဆိုရင်

ရင့်ကျက်မှုရှိဖို့ အချိန်ပေးတည်ဆောက်ဖို့ လိုအပ်ပါတယ်။ ကလေးဆန်တဲ့အပြုအမူတွေ ကြောင့် အလုပ်မှာ ပူပန်သောကဖြစ်ရတတ်တယ်။  အနာဂတ်ကို ဂရုစိုက်တတ်တယ်။ ကောင်းတဲ့အရာ တွေကို မျှဝေတတ်တယ်။ ကူညီရတာကို ကြိုက်တယ်။ ပတ်ဝန်းကျင်ကလူတွေကို တက်ကြွအောင်လှုံ့ ဆော်ပေးတတ်တယ်။ စိတ်ကူးယဉ်တတ်သူဖြစ်ပေမဲ့ တစ်ခါတရံ အသေးအဖွဲလေးတွေမှာတော့ ခေါင်း မာတတ်တယ်။

၎။ နံနက် ၆ နာရီမှ ၈ နာရီအတွင်းမွေးဖွားသူဆိုရင်

သင်က စိတ်ကူးဉာဏ်ကွန့်မြူးပြီး သင့်အပေါ် အလေးထားဆက်ဆံခံရတာကို နှစ်သက်ပါ တယ်။ သင်လိုချင်တဲ့အခွင့်အရေးရဖို့ မတွန့်မဆုတ်တောင်းဆိုတတ်တယ်။ တခြားသူတွေကို အကြံ ဉာဏ်ပေးတတ်ပြီး ဆရာလုပ်ရတာ၊ ခေါင်းဆောင်လုပ်ရတာကို နှစ်သက်တဲ့သူ ဖြစ်ပါတယ်။

၅။ နံနက် ၈နာရီမှ ၁ဝနာရီအတွင်းမွေးဖွားသူဆိုရင်

သင်က စိတ်ထိခိုက်လွယ်လွန်းသူဖြစ်ပါတယ်။ ငြိမ်းချမ်းမှုတွေတည်ဆောက်ဖို့အတွက် တရားထိုင်ရတာကို ကြိုက်တယ်။ တစ်ယောက်တည်းအချိန်ဖြုန်းတတ်ပြီး ဂုဏ်ပကာသနတွေကို မမက်မောတတ်တဲ့သူဖြစ်ပါတယ်။ တခြားသူတွေရဲ့စိတ်ချမ်းသာမှုကို ရှေ့ရှုပေးတတ်ပါတယ်။

၆။ နေ့လယ် နံနက် ၁ဝနာရီမှာ နေ့လယ်ခင်းကြားမှာ မွေးဖွားသူဆိုရင်

သင်စိတ်ပါဝင်စားတဲ့အရာတွေအကြောင်း ပြန်လည်မျှဝေပေးရတာကို ကြိုက်ပါတယ်။ အများနဲ့ ပါဝင်ပူးပေါင်းတတ်တဲ့သူဖြစ်ပြီး တခြားသူတွေနဲ့သင့်အကြား ရင်းနှီးမှုဘယ်လိုတည်ဆောက်ရမယ်ဆို တာကိုလည်း ကောင်းစွာသိနားလည်သူဖြစ်ပါတယ်။ ရောက်တဲ့နေရာမှာ သူငယ်ချင်းအသစ်တွေ၊ အ မှတ်တရအသစ်တွေနဲ့ အတွေ့အကြုံအသစ်တွေကို အမြဲရှာဖွေဖို့ ကြိုးစားနေတတ်သူဖြစ်ပါတယ်။

၇။ နေ့လယ် ၂ နာရီအတွင်းမွေးဖွားသူဆိုရင်

သင်က ရည်မှန်းချက်ရှိသလို တာဝန်ယူတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီး သင်လိုချင်တဲ့အရာကိုရဖို့ အ တွက် အပေးအယူဘယ်လိုလုပ်ရမလဲဆိုတာကို နားလည်တဲ့သူဖြစ်ပါတယ်။ လိုချင်တဲ့အရာကို သေ ချာသိပြီး ကြိုးစားတတ်သူအဖြစ် လူအများရဲ့အထင်ကြီးလေးစားခံရသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သ တိထားစရာတစ်ခုက သင့်ရဲ့အောင်မြင်မှုတွေက သင့်ရဲ့ဘဝကို ထိခိုက်မှုဖြစ်စေတတ်ပါတယ်။

၈။ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအတွင်း မွေးဖွားသူဆိုရင်

သင်က အမြဲတက်ကြွနေပြီး စွန့်စားရတာဝါသနာပါတဲ့သူဖြစ်ပါတယ်။ လုပ်ရိုးလုပ်စဉ် အလုပ် ကိစ္စတွေနဲ့ ခြေငြိမ်ငြိမ်နေရတာကို ငြင်းပယ်တတ်သူပါ။ အသစ်အဆန်းတွေကို ရှာဖွေဖို့ အမြဲအဆင် သင့်ရှိနေတတ်တယ်။  သင့်ဘဝအတွေးအမြင်တွေ ပိုမိုကျယ်ပြန့်လာဖို့ ဆန္ဒပြင်းပြသူဖြစ်ပါတယ်။ ဘဝရဲ့စိန်ခေါ်မှုပုစ္ဆာတွေကို အဖြေရှာဖို့ အမြဲအားထုတ်နေတတ်ပါတယ်။

၉။ ညနေ ၄နာရီမှ ၆ နာရီအတွင်း မွေးဖွားသူဆိုရင်

သင်က အကောင်းမြင်တတ်ပြီး ဘဝထဲက လျှို့ဝှက်နက်နဲမှုတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ထက်သန် ပြင်းပြတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ သင့်ခံစားချက်တွေ၊ နာကျင်မှုတွေကို တခြားသူကို ဖွင့်ဟဖို့ တွန့်ဆုတ်တတ်သူပါ။ အပေးအယူဆန်တဲ့ကိစ္စတွေကို သင်မနှစ်သက်ပါဘူး။ အထူးသဖြင့် အချစ်နဲ့ ယုံကြည်မှုကိစ္စတွေမှာ အပေးအယူဆန်တဲ့အခြေအနေတွေကို သင် ရှောင်လွှဲတတ်ပါတယ်။

၁ဝ။ ညနေ ၆ နာရီမှ ၈ နာရီအတွင်း မွေးဖွားသူဆိုရင်

သင့်မှာ ကံတရားကပေးထားတဲ့အကောင်းဆုံးလက်ဆောင်တစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ တခြားသူတွေရဲ့လိုအပ်ချက်ကို ခံစားပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ နောက်ပြီး တခြားသူတွေရဲ့နေရာကို ဝင်တွေးခေါ်ပေးနိုင်တဲ့စွမ်းရည်လည်း မြင့်မားတဲ့သူပါ။ ထိပ်တိုက်ရင်ဆိုင်ရတာတွေ၊ မေးခွန်းများများ မေးရတာတွေကို မကြိုက်ပါဘူး။ ဘဝကို အရှိအတိုင်း လက်ခံတတ်သူဖြစ်ပါတယ်။

၁၁။ ည ၈ နာရီမှ ၁ဝ နာရီအတွင်း မွေးဖွားသူဆိုရင်

သင်က တောက်ပနေတဲ့ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ပါ။ စိတ်ဓာတ်ကောင်းတယ်။ အဓိက နေရာမှာမနေရရင်တောင် တခြားသူကို အကောင်းဆုံးကူညီပံ့ပိုးပေးတတ်သူဖြစ်ပါတယ်။ တခြားသူ တွေကို အသိအမှတ်ပြုရတာကို သင်ကြိုက်တယ်။ အမှားတွေမလုပ်မိအောင် အတတ်နိုင်ဆုံးရှောင် ကြဉ်တဲ့အတွက် ပြီးပြည့်စုံတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

၁၂။ ည ၁ဝနာရီမှ သန်းခေါင်ကျော်အချိန်အတွင်း မွေးဖွားသူဆိုရင်

သင့်က သင့်ကိုယ်သင်ဘာလိုချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာ တိတိကျကျသိတဲ့သူပါ။ သင့် ကိုကြည့်လိုက်ရင် ပျော်ရွှင်ဖျတ်လတ်ခြင်းတွေနဲ့ တောက်ပနေတယ်။ ဖန်တီးရတာကို တန်ဖိုးထားပြီး ကောလာဟလနဲ့ အာရုံစိုက်ခံရမှုတွေကို ကြောက်တဲ့သူပါ။ သင့်ရည်မှန်းချက်ကိုရောက်ရှိဖို့ သင့်ကိုယ် သင် အမြဲတွန်းအားပေးပြီး အကန့်အသတ်တွေကို ကျော်လွှားတတ်တဲ့သူဖြစ်ပါတယ်။