ဘဝမှာ ဘာတွေအလိုအပ်ဆုံးလဲ

blank
၁။ အကောင်းမြင်ပါ။

သင်ဖြစ်ချင်တဲ့အရာတွေကို အာရုံစိုက်ပါ။ သင်လိုချင်တဲ့ ဘဝမျိုး ပိုင်ဆိုင်ထားတဲ့သူတွေနဲ့ ကိုယ့်ကိုယ်ကိုဝန်းရံထားပါ။ ကျေးဇူးတရားသိတတ်တဲ့ စိတ်ဓာတ်ကို မွေးမြူပါ။ လူတိုင်းအပေါ်မေတ္တာထားပါ။

၂။ စိတ်ရှည်သည်းခံပါ။

အချိန်ဟာ ပိုးတုံးလုံးလေးကို လိပ်ပြာအဖြစ်ပြောင်းလဲစေပြီး၊ မီးသွေးကို စိန်အဖြစ်ပြောင်းလဲစေပါတယ်။ တစ်ခုခုကို လိုချင်တယ်ဆိုရင် စိတ်ရှည်ရှည်ထားပြီး စောင့်ဆိုင်းပါ။ လိုချင်တာကို ချက်ခြင်းမရနိုင်တာနဲ့ပဲ လက်မလျှော့လိုက်ပါနဲ့။

၃။ သတ္တိရှိပါ။

အောင်မြင်မှုကို  မကျရှုံးဘဲ ရနိုင်မယ်လို့ မထင်ပါနဲ့။  ကျရှုံးမှာကိုကြောက်ပြီး အချိန်ကောင်းကို ထိုင်စောင့်နေမယ်ဆိုရင်လည်း  အောင်မြင်မှုနဲ့ လွဲဖယ်နေဦးမှာပါပဲ။ ဒါကြောင့် လိုချင်တာကို ရအောင်ယူဖို့ သတ္တိမွေးမြူပါ။

၎။ ချစ်ခြင်းမေတ္တာ တွေကို ဝေမျှပါ။

ချစ်ခြင်းမေတ္တာဆိုတာ အောင်မြင်မှုဆီကို လျှောက်လှမ်းမယ့်သူတိုင်းအတွက် မီးပြတိုက်တစ်ခုပါ။ မိမိယုံကြည်ရာတွေကို ရဲဝံ့စွာလျှောက်လှမ်းဖို့ဆိုတာ ဘေးနားကလူတွေရဲ့ ချစ်ခြင်းမေတ္တာက အများကြီးအားပေးကူညီပေးနိုင်ပါတယ်။

၅။ အမှန်တရားကို မြတ်နိုးပါ။

ရိုးသားမှုဆိုတာ စိတ်ကို ငြိမ်းချမ်းစေပါတယ်။ ငြိမ်းချမ်းမှုရှိနေတဲ့ စိတ်ဟာ အရာရာအားလုံးကို ဖန်တီးပေးနိုင်ပါတယ်။ ဒါကြောင့် အမှန်တရားကိုသွေဖယ်စေမယ့်  အပြုအမူတွေကို ထုတ်ထားလိုက်ပါ။ အမှန်တရားကို မြတ်နိုးပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ အမှားတွေကို ဝန်ခံပါ။

မိမိကိုယ်တိုင်က အမှန်အတိုင်းမပြောဘဲ သူတစ်ပါးတွေရဲ့ အမှားကို ထောက်ပြဝေဖန်လို့ မရနိုင်ပါဘူး။ ဒါကြောင့် အမှားတစ်စုံတစ်ခုကို ကြုံတွေ့ရတဲ့အခါ ရိုးသားစွာ ဝန်ခံပါ။ မိမိရဲ့အမှားတွေကို  တောင်းပန်ပါ။ အလားတူအမှားမျိုးကို နောက်ထပ်မကျူးလွန်မိဖို့လည်း  ကြိုးစားပါ။

၇။ ဘဝမှာ ရှိနေတဲ့အရာတွေကို အသိအမှတ်ပြုပါ။

တစ်ခါတလေမှာ ကျွန်မတို့ဟာ လွတ်သွားတဲ့ငါးကို ပိုကြီးတယ်လို့ ထင်နေတတ်ကြပါတယ်။  ရှိနေတဲ့အရာတွေကို အသိအမှတ်ပြုပြီး တန်ဖိုးထားဖို့မေ့နေတဲ့အခါ ဘဝရဲ့ ကျေနပ်နှစ်သက်မှုလျော့နည်းသွားတတ်တာကို သတိပြုပါ။

၈။ တာဝန်ယူတတ်တဲ့ စိတ်ကို မွေးမြူပါ။

ဘဝမှာ ကြုံတွေ့ရတဲ့ အကောင်းအဆိုးတွေတိုင်းကို တာဝန်ယူလိုစိတ်အပြည့်နဲ့ ကျော်ဖြတ်ပါ။ ဘဝမှာ ဘာတွေက ဘယ်လိုအခြေအနေတွေပဲ ကြုံတွေ့ရကြုံတွေ့ရ မှန်ကန်တဲ့ရွေးချယ်မှုကို ပြုလုပ်တတ်ဖို့ ရွေးချယ်မှုတွေကနေ ရလာမယ့်ရလဒ်တွေကိုလည်း တာဝန်ယူလိုစိတ်အပြည့်နဲ့ ကျော်ဖြတ်တတ်ဖို့ အရေးကြီးပါတယ်။

၉။ ကိုယ့်ကိုယ်ကိုအမြဲ သုံးသပ်ပါ။  

မနက်ဖြန်မှာ သင်ကဘယ်လိုလူတစ်ယောက်လဲ၊ ဒီနေ့သင်က ဘယ်လိုလူတစ်ယောက်လဲ၊ မနက်ဖြန်သင်က ဘယ်လိုလူတစ်ယောက်ဖြစ်မလဲဆိုတာကို အမြဲသုံးသပ်ပါ။ မနေ့သင်ထက် ပိုတော်တဲ့သင့်ကိုယ်သင်တည်ထောင်ဖို့၊ မနေ့ကထက်ထူးခြားတဲ့နေ့လေးတစ်နေ့ဖြစ်ဖို့ဆိုတာကလည်း သင့်တာဝန်ပါပဲ။

၁ဝ။ မဆုတ်မနစ်တဲ့ ဇွဲလှုံ့လနဲ့ ကြိုးစားပါ။

အရာရာတိုင်းက မအောင်မြင်ခင်မှာ ခက်ခဲကြတာပါပဲ။ ဘယ်လောက်ပဲ လဲကျလဲကျ ပြန်ရပ်ပြီး မဆုတ်မနစ်ကြိုးပမ်းဖို့က အောင်မြင်လိုသူတိုင်းရဲ့ တာဝန်ဆိုတာကို မှတ်ထားပါ။

သဘောကျနှစ်ခြိုက်ရင် SHARE ပေးလိုက်ပါဦး။