၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (မတ် ၂၆-ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိ)

၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ပူပန်စရာတွေနဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ပစ်ချပြီး လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး နေချင်စိတ် တွေ ထက်သန်ပြင်းပြနေလိမ့်မယ်။ မိသားစုအတွက် ပျော်စရာသတင်းထူးကြားရမယ်။ လူဦးရေတိုး မယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ကတောက်ကဆဖြစ်တတ်တယ်။ သတိပြုပါ။ ငွေကြေးကံ သင့်ပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ဇွန်ပန်းကပ်လှူပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ      

ပြီးဆုံးသွားတာကြာပြီဖြစ်တဲ့ ပြဿနာအဟောင်းလေးတွေ အသစ်ပြန်ဖြစ်လာတတ်တယ်။ ဘယ်အရာကိုဖြစ်ဖြစ် စိတ်လိုက်မာန်ပါ မတုံ့ပြန်ပါနဲ့။ ဖြေရှင်းလေ၊ ကြီးထွားလေဖြစ်တတ်တာကြောင့် မှန်မှန်ကန်ကန်နဲ့ပဲ လုပ်စရာရှိတာလုပ်လိုက်ပါ။ ငွေဝင်ကိန်းအထူးရှိနေပါတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးရက်မှာ သစ်ပင်စိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

ယုံကြည်စိတ်ချထားတဲ့ မိတ်ဆွေတစ်ဦး သစ္စာဖောက်တတ်တယ်။ အရေးကြီးတဲ့ အတွင်းရေးကိစ္စတွေကို လက်လွတ်စပယ် ထုတ်ဖော်မတိုင်ပင်ပါနဲ့။ အလှူအတန်းတွေပြုရမယ်။ ခရီးယာယီထွက်ရမယ်။ အချစ်ရေးကံကောင်းနေပါတယ်။
ယတြာ။         ။ မွေးရက်မှာ စာကလေးသက်စေ့လွှတ်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

စီးပွားရေး၊ လူမှုရေးကိစ္စတွေ ရှုပ်ရှတ်ခတ်နေတာကြောင့် စိတ်ပန်းလူပန်းဖြစ်နေမိမယ့် ကာလပါ။ ချစ်သူနဲ့ စကားပြောရတာလည်း အဆင်မပြေဖြစ်နေမယ်။ အရွဲ့တိုက်တာမျိုးတွေ မလုပ်ပါနဲ့။ ပြဿနာပိုကြီးထွားပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တတ်ပါတယ်။ ငွေကြေးကံ သင့်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ အပြာရောင်အင်္ကျီဝတ်ပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ငွေကြေးဆုံးရှုံးစရာ အကြောင်းတရားတွေပေါ်လာတတ်တယ်။ ခင်မင်သူ မိတ်ဆွေသူငယ်ချင်း တွေနဲ့လည်း ငြင်းခုံရတတ်တာကြောင့် ငွေကြေးနဲ့ပတ်သက်ပြီး အသေးအဖွဲကအစ စာချုပ်စာတမ်းနဲ့ လုပ်ပါ။ လွယ်လွယ်နဲ့ငွေမချေးပါနဲ့။ အချစ်ရေးအထူးကံကောင်းနေပါတယ်။ ချစ်ခင်သူ ဝိုင်းဝိုင်းလည် နေတာကြောင့် ရွေးရခက်နေမယ်။

ယတြာ။         ။ မွေးရက်မှာ ငွေငါးထောင်ပံ့သကူပစ်ပါ။

၆။ ကန်ရာသီဖွား (Virgo)   
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

မိသားစုဝင်တစ်ဦးရဲ့ အရေးကိစ္စကြောင့် ပူပန်နေရတတ်တယ်။ လုပ်ငန်းခွင်မှာ ကိုယ်တိုင်ဦး ဆောင်ပြီးလုပ်ကိုင်ရမယ်။ သင့်အရည်အချင်းတွေကို ပြသနိုင်မယ့် အခွင့်အရေးမို့ ကြိုးစားလုပ်ကိုင် လိုက်ပါ။ အနုပညာသမားများ မြေတောင်မြှောက်ပေးမယ့် ဆရာသမားကောင်းတွေ့တတ်တယ်။ အ ချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ လူကြီးမိဘတွေကို ငွေကြေးနဲ့ကန်တော့ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

မျှော်လင့်မထားတဲ့ ဘဝအချိုးအကွေ့တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့်ကာလဖြစ်ပါတယ်။ အပြောင်းအလဲတွေမှာ အကောင်းအဆိုးဒွန်တွဲနေတာကြောင့် ကျော်ဖြတ်ဖို့ ဆရာသမားတွေ၊ လူကြီး မိဘတွေဆီက အကြံဉာဏ်တောင်းပါ။ ပိုမိုကောင်းမွန်တဲ့ အောင်မြင်မှုတွေက သင့်ကို စောင့်ကြိုနေ ပါတယ်။

ယတြာ။         ။ ခင်မင်သူတွေကို ရွှေရင်အေးတိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

ကွဲကွာနေတဲ့ ဆွေမျိုးရင်းချာ၊ မိတ်ဆွေသူငယ်ချင်းဟောင်းတွေနဲ့ မမျှော်လင့်ဘဲ ပြန်ဆုံရ တတ်တဲ့ ပျော်စရာကာလပါ။ ခရီးတွေ မကြာခဏထွက်ရမယ်။ ငွေကြေးဝင်မယ်။ အိမ်ထောင်သည် ဖြစ်ပါက ပျော်စရာသတင်းကောင်းကြားရမယ်။ ချစ်သူမရှိသေးသူများ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

အကောင်းအဆိုးဒွန်တွဲနေတဲ့ကာလဖြစ်တာကြောင့် ပျော်စရာတစ်လှည့်၊ စိတ်ညစ်စရာ တစ်လှည့်ဖြစ်နေမယ်။ အရာရာကို စိတ်ရှည်သည်းခံခြင်းနဲ့ ခေါင်းအေးအေးထားကျော်ဖြတ်ပါ။ မကြာခင်မှာ အခက်အခဲတွေအားလုံးပြေလည်သွားပါလိမ့်မယ်။ ငွေကြေးကံ အထူးကောင်းနေပါတယ်။ အမွေရကိန်း၊ ထီပေါက်ကိန်းရှိတယ်။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

မိသားစုနဲ့ ချစ်သူကြားမှာ နားလည်မှုတွေလွဲနေတာကြောင့် ဗျာများနေရမယ့် ကာလဖြစ်ပါ တယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမယ်။ နေရာပြောင်းရွှေ့ရမယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်နဲ့ပတ် သက်ပြီး ဆေးရုံဆေးခန်းရောက်ရတတ်တယ်။ အစားအသောက်ဆင်ခြင်သတိပြုပါ။

ယတြာ။         ။ မွေးရက်မှာ သီလရှင်တစ်ပါးကို ဆန်တစ်ပြည်လှူပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

အနှစ်နှစ်အလလ သင်ကြိုးစားအားထုတ်လာခဲ့တဲ့ အလုပ်လေးတွေ အကောင်အထည် ပေါ် လာမယ့် ပျော်စရာကာလဖြစ်ပါတယ်။ အရင်ကထက် နှစ်ဆကြိုးစားလိုက်ပါ။ အောင်မြင်မှုတွေက သင့်ကို ဆီးကြိုနေပါတယ်။ အချစ်ရေး သင့်ပါတယ်။ ငွေကြေးကံကောင်းနေတယ်။

ယတြာ။         ။ မွေးရက်မှာ အိမ်နီးချင်းတွေကို မုန့်လက်ဆောင်းတိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အလှူအတန်းတွေပြုရမယ့် ကာလဖြစ်ပါတယ်။ ဝင်ငွေကောင်းသလို ငွေကုန်ကြေးကျလည်း များနေမယ်။ မိဘအကြီးအကဲရဲ့ ကြည့်ရှုစောင့်ရှောက်မှုကို ခံယူရမယ်။ မိတ်ဆွေကောင်းတွေ့မယ်။ ကျန်းမာရေးအနေနဲ့ ဖျားနာတတ်တယ်။ ရေချိုးဆင်ခြင်ပါ။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုခုပြုပါ။

တိုက်ဆိုင်မှုလေးတွေပါနေရင် Like & Share လေးလုပ်လိုက်ပါ။