၂ဝ၁၈၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇန်နဝါရီ ၂၉ -ရက်နေ့မှ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ကွဲကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ပြန်တွေ့ပြီး သင်လိုအပ်တဲ့အကူအညီများစွာ ရရှိမယ့် ကာလဖြစ်ပါတယ်။ လုပ်ငန်းသစ်တွေ ချဲ့ထွင်လုပ်ကိုင်ရမယ်။ နေရာသစ်တွေ ခရီးထွက်ရမယ်။ ကျန်း မာရေးအနေနဲ့ အစားအသောက်မှားတတ်တယ်။ ဆင်ခြင်သတိပြုပါ။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ လမ်းမှာတွေ့တဲ့ခွေးလေးတွေကို မုန့်ကျွေးပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ 

စီးပွားရေးနဲ့ပတ်သက်ပြီး အပြိုင်အဆိုင်တွေပေါ်လို့ အတန်ငယ်ရုန်းကန်ကြိုးစားရမယ်။ ဇွဲမ လျှော့ပါနဲ့။ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာဦးမယ့်ကာလပါ။ အခွင့်အရေး တွေကို လက်လွှတ်မခံဘဲ ဖမ်းဆုပ်မိဖို့သာ ကြိုးစားပါ။ ကျန်းမာရေးသင့်ပါတယ်။ အချစ်ရေးအနေနဲ့ အ နေဝေးပြီး သွေးအေးနေတတ်တယ်။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ နာမကျန်းသူတစ်ဦးကို ဆေးဖိုးဝါးခဒါနပြုပါ။

၃။ မေထုန်ရာသီဖွား (Gemini)     
မေလ(၂၂) မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

        စိတ်ဝင်စားစရာ အတွေ့အကြုံအသစ်အဆန်းတွေ တွေ့ရှိမယ့်ကာလဖြစ်ပါတယ်။  ကြိုးစား အားထုတ်မှုတွေနဲ့ ပေါင်းစပ်ရင် အောင်မြင်မှုအသစ်တွေ ဆွတ်ခူးရမှာပါ။ ပညာရေးဘက်လေ့လာ လိုက်စားနေသူများအတွက် ပညာရပ်အသစ်တွေ ထပ်မံသင်ယူခွင့်ကြုံမယ်။ နိုင်ငံရပ်ခြားပညာတော် သင်ခရီးထွက်ရတတ်တယ်။ အချစ်ရေးမှာ ကြားလူကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ လူကြီးမိဘတွေကို ငွေကြေးနဲ့ကန်တော့ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

        သင့်ကြိုးစားမှုတွေအရာထင်ပြီး လူကြီးသူမနဲ့ဆရာသမားတွေဆီက အသိအမှတ်ပြုချီးကျူးခံ ရမယ့်ကာလဖြစ်ပါတယ်။ ငွေဝင်သလောက် ငွေထွက်ကြမ်းနေမယ်။ ချွေတာစုဆောင်းမှုမရှိရင် ရင် မောရပါလိမ့်မယ်။ အသုံးအစွဲစီစစ်ပါ။ ကျန်းမာရေးအနေနဲ့ ခါးနာ၊ ဒူးနာဖြစ်တတ်တယ်။ အမြင့်တက် တာ သတိထားပါ။ အချစ်ရေးနေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းလှူပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

        အနုပညာဝါသနာပါသူများအတွက် အထူးအကျိုးပေးမယ့် ကာလဖြစ်ပါတယ်။ စာပေ၊ ဂီတ၊ ရုပ်ရှင်မှာ မြေတောင်မြှောက်ပေးမယ့်သူပေါ်တတ်တယ်။ အခွင့်အရေးကို လက်လွှတ်မခံဘဲ ကြိုးစား လိုက်ပါ။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။ ကြီးကြီးမားမား ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးနေ့မှာ ငါးသက်စေ့လွှတ်ပါ။

၆။ ကန်ရာသီဖွား (Virgo )  

သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

        ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမယ်။ အလုပ်အတွက် အင်တာဗျူးဖြေဆိုထားသူများ အင်တာဗျူး အောင်မယ်။ မိသားစုအတွင်း အထင်လွဲစရာကိစ္စလေးတွေဖြစ်နေမယ်။ စိတ်လိုက်မာန်ပါ ဖြေရှင်းရင် အမှားပါတတ်တာကြောင့် စိတ်အေးအေးထားပြီး ဖြေရှင်းပါ။ ကျန်းမာရေး ကောင်းပါတယ်။ အချစ်ရေး သာယာပါမယ်။

ယတြာ။         ။ မွေးနေ့မှာ သက်သတ်လွတ်စားပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

မလိုသူတွေရဲ့စကားတင်းဆိုကဲ့ရဲ့မှုတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရမယ့် ကာလပါ။ ရန်ကို ရန်ချင်းမတုံ့နှင်းပါနဲ့။ မှန်ကန်စွာနေပြခြင်းနဲ့သာ အကောင်းဆုံးတုံ့ပြန်လိုက်ပါ။ မကြာခင်မှာ အ ခက်အခဲတွေအားလုံးပြေလည်သွားမှာပါ။ ဆွေမျိုးသားချင်းထဲ မင်္ဂလာကိစ္စပေါ်မယ်။ ပေါ်ရင် ၂ အစ ၆ အဆုံးထီထိုးပါ။

ယတြာ။         ။ မွေးရက်မှာ ပရဟိတလုပ်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

        အလုပ်မှာ၊ အိမ်မှာ စိတ်ဖိစီးစရာလေးတွေနဲ့ အတန်ငယ်ပင်ပန်းနေရမယ့်ကာလဖြစ်ပါတယ်။ အခက်အခဲတွေကို မညည်းညူပါနဲ့။ ငွေကြေးကိစ္စအချင်းများရတတ်တာကြောင့် စာချုပ်စာတန်းနဲ့ သေ ချာလုပ်ပါ။ မမျှော်လင့်ဘဲ ခရီးထွက်ရမယ်။ သင့်အတွက် ပျော်ရွှင်ကံကောင်းခြင်းတွေ သယ်ဆောင် လာမယ့်ခရီး ဖြစ်ပါတယ်။ ချစ်သူနဲ့ အနေဝေးနေမယ်။

ယတြာ။         ။ မွေးရက်မှာ ဆေးရုံတစ်ခုမှာ ဆန်ပြုတ်အာဟာရဒါနပြုပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ       

ဘာမှန်းမသိတဲ့အလုပ်တွေနဲ့ ရှုပ်နေမယ့်ကာလဖြစ်ပါတယ်။ လူမှုရေးတွေကလည်း များနေတာ ကြောင့် ငွေကုန်ကြေးကျများပြီး စိတ်တွေရှုပ်နေမိမယ်။ မိတ်ဆွေရင်းချာတွေနဲ့ စကားအငြင်းအခုံဖြစ် တတ်တာကြောင့် စကားအပြောအဆိုဆင်ခြင်ပါ။ ကျန်းမာရေးသင့်ပါတယ်။ အချစ်ရေး အထူးသာယာ မယ်။

ယတြာ။         ။ မွေးရက်မှာ အခင်မင်ဆုံးသူငယ်ချင်းကို ကြေးအိုးတိုက်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

လုပ်ကိုင်သမျှတွေ မျှော်မှန်းထားတာထက် ပိုအဆင်ပြေအောင်မြင်မယ့် ကာလဖြစ်ပါတယ်။ ငွေ ကြေးကလည်း “ ပဲကဝင်၊ နှမ်းကဝင် ” ဆိုသလို ဝင်နေတာကြောင့် ပျော်ရွှင်နေမယ်။ ကျန်းမာရေး အနေနဲ့ အနည်းငယ်ချူချာနေမယ်။ အစားအသောက်၊ ရေချိုး ဆင်ခြင်သတိပြုပါ။ ဆေးရုံ၊ ဆေးခန်း ရောက်ရတတ်တယ်။

ယတြာ။         ။ မွေးနံထောင့်မှာ နှင်းဆီ ၉ ပွင့်လှူပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )    
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

        အဝေးရောက်ဆွေမျိုးများထံမှ အဖိုးတန်လက်ဆောင်လေးတွေ လက်ခံရရှိမယ့် ကာလပါ။ ကွဲ ကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပြန်ဆုံမယ်။ ကြွေးဟောင်းပြန်ရမယ်။ ကွဲကွာနေတဲ့ အချစ် ဟောင်းရှိသူများ အချစ်ဟောင်းနဲ့ပြန်ဆုံမယ်။ ကျန်းမာရေးသင့်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ ကြာဆံကြော်ဆွမ်းလောင်းပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

        ဆွေမျိုးမင်္ဂလာကိစ္စနဲ့ အဝေးကို ခရီးထွက်ရမယ်။ သင့်အတွက် မိတ်ဆွေသစ်တွေတိုးပြီး ကံ ကောင်းပျော်ရွှင်စေမယ့် ခရီးဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းသစ်စတင်မယ့်သူများအတွက် အောင်မြင် မှုရရှိစေမယ့်အချိန်ပါ။ တနင်္လာနံနဲ့စတဲ့လုပ်ငန်းတွေ အကျိုးပေးမယ်။ အချစ်ရေးမှာ အနေဝေးလို့ ဆွေးနေရမယ်။

ယတြာ။         ။ မွေးရက်မှာ ငွေ ၅ဝဝဝ ကျပ်တိတိကို ပံ့သကူပစ်ပါ။

ယခုစာစောင်လေးကို LIKE & SHARE လုပ်ပြီး မိတ်ဆွေတွေကို ပြန်မျှဝေပေးလိုက်ပါဦးနော်။