သားသားမီးမီးတွေကို သင်ကြားထားပေးသင့်တဲ့စည်းကမ်းချက်လေးတွေ(၃)

blank
အိမ်ကိုဧည့်သည်လာတဲ့အခါ လိုက်နာသင့်တဲ့ စည်းကမ်းချက်လေးများ

၁။ ဧည့်သည်ကို အပြုံးနဲ့ဆီးကြိုပြီး တံခါးဖွင့်ပေးတတ်တဲ့အကျင့်ကို ပျိုးထောင်ပေးပါ။

၂။ ဧည့်သည်က နှုတ်ဆက်တဲ့အခါ လက်ဆွဲနှုတ်ဆက်တတ်တဲ့အကျင့်ကို ပျိုးထောင်ပေးပါ။

၃။ အိမ်ထဲဝင်လာဖို့ ဖိတ်ခေါ်တတ်တဲ့အကျင့်လေးကို ပျိုးထောင်ပေးပါ။

၎။ ဧည့်သည်ရဲ့ပစ္စည်းတွေကို ကူညီသယ်ဆောင်ပေးပြီး ထိုင်စရာနေရာပေးတတ်တဲ့အကျင့်ကို ပျိုး ထောင်ပေးပါ။

၅။ အခန်းထဲကို လူကြီးဝင်လာတဲ့အခါ မတ်တပ်ထရပ်တတ်တဲ့အကျင့်ကို ပျိုးထောင်ပေးပါ။

၆။ အဘိုးအဘွားတွေနဲ့ ဆွေမျိုးတော်စပ်သူတွေက ပွေ့ဖက်နမ်းရှုပ်ခြင်းက နွေးထွေးတဲ့ အပြုအမူ ဆိုတာ နားလည်အောင် ပျိုးထောင်ပေးပါ။

၇။ ဧည့်သည်လာတဲ့အခါ မိမိကိုယ်မိမိ မိတ်ဆက်တတ်တဲ့အကျင့်လေးကို ပျိုးထောင်ပေးပါ။